နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်
“၁၃၇၄ ခုနှစ်မှ ၁၃၇၅ ခုနှစ်သို့ ကူးပြောင်းတဲ့ ဒီနှစ်သစ်မှာ တို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူများဟာ
မိမိတို့ ကိုးကွယ်သည့် ဘာသာ အလျောက် မြတ်သောမင်္ဂလာ အကျင့်အကြံများနဲ့
တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာအကျိုးတို့ကို ဆထက်တပိုး
ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်တော်တို့ လူအခွင့်အရေး
မြတ်နိုးသူများအဖွဲ့မှ ဆုတောင်းလိုက်ပါတယ်။” ” ဒီနေ့ နှစ်သစ်မင်္ဂလာနေ့မှာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများဟာ အငြိုး၊ အမုန်း၊ အာဃာတများကိုမထားပဲ နှစ်ဆန်းမှာ ညီအစ်ကိုမောင်နှမရင်း သဖွယ် နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။”
” ကျွန်တော်ကတော့ နိုင်ငံအတွင်းမှာရှိကြတဲ့သူများဟာ
အချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ် ထားကြဖို့ပဲ လိုပါတယ်။
ပြဿနာဖြစ်လာတဲ့ အခါ အချင်းချင်းပဲ ဖြေရှင်းကြတာကောင်းပါတယ်။ အပြင်က
ဝင်လာတာမကောင်းပါဘူး။ ဒါကြောင့် ပြဿနာဆိုတာ အချင်းချင်းမဖြစ်ကြရင်
အကောင်းဆုံးပါပဲ။”
”ကျွန်တော်တို့အခုလုပ်တဲ့ပွဲဟာနိုင်ငံအတွင်းမှာရှိကြတဲ့ဘာသာပေါင်းစုံများ ညီညီညွတ်ညွတ် နေထိုင်နိုင်ကြဖို့ ကျွန်တော်တို့ လူအခွင့်အရေးမြတ်နိုး သူများအဖွဲ့မှ
ပေါင်းစုပြီး ဆုတောင်းကြတာဖြစ်ပါတယ်။”
M-Media , Rangonnewsdaily
RND:18.4.2013
No comments:
Post a Comment