Pages

Pages - Menu

Saturday, April 27, 2013

ပြည်မြို့ဗျူးပွိုင့်အလွန်သဲသော င်ပြင်မှချစ်သူစုံတွဲရဲ့ရင်နှင့်စရာဖြစ်ရပ် အပြည့်အစုံ

ပြည်မြို့ဗျူးပွိုင့်အလွန်သဲသောင်ပြင်မှချစ်သူစုံတွဲရဲ့ရင်နှင့်စရာဖြစ်ရပ်
Saturday, April 27, 2013

၂၃-၄-၂၀၁၃ ရက် ည(၁၀) နာရီခွဲအချိန်ခန့်က ပြည်မြို့၊ ဆင် စုရပ်ကွက်နယ်မြေ၊ ရှုခင်းသာ ကော်ဖီဆိုင် အောက်ခြေသောင် ပြင်တွင် သမီးရည်းစားများဖြစ် ကြသော မောင်ဇော်မင်းဦးနှင့် မအိဇင်မိုးကိုတို့ ထိုင်စကားပြော နေကြစဉ် အမျိုးသား(၃)ဦး ရောက်ရှိလာပြီး ““ညီလေးမီးခြစ် ရှိလားလို့””မေးကာ မအိဇင်မိုးကို ကို အမျိုးသားတစ်ဦးက နောက်မှ လည်ပင်းကိုညှစ်၍ ဖမ်းချုပ်ထား ပြီး ကျန်နှစ်ယောက်က ဇော်မင်း ဦးကို ၀ိုင်းဝန်းထိုးနှက်ကြသည်ဟု မအိဇင်မိုးကို၏ ပြောပြချက်အရ သိရသည်။

မောင်ဇော်မင်းဦး ၂၂နှစ် (ဘ)ဦးအုန်းရွှေ၊ တရုတ်စုလမ်း၊ ဒေါနခြံရပ်၊ န၀င်းရပ်ကွက်၊ ပြည် မြို့နေသူမှာ ၀ိုင်းဝန်းထိုးကြိတ်၊ လည်ပင်းညှစ် ရေထဲဆွဲနှစ်ခံရမှု ကြောင့် နှုတ်ခမ်းကွဲ၊ မျက်နှာဖူး ရောင်၊ ခန္ဓာကိုယ်အေးစက်တောင့် တင်းကာ သေဆုံးသွားပြီး မအိဇင်မိုးကို ၂၇ နှစ် (ဘ)ဦးမြင့် ကို၊ မူလတန်းပြဆရာမ၊ အမှတ် (၁၄၆၇)၊ ရွှေလက်လှရပ်၊ န၀င်း ရပ်ကွက်၊ ပြည်မြို့နေသူမှာ ယာဘက်ဂျိုစောင်းဒဏ်ရာ(၁) ချက်၊ ၀ဲဘက်နုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ လည်ပင်းညိုမဲ ဒဏ်ရာ(၁)ချက်၊ လည်ပင်းပွန်းပြဲ ဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
မအိဇင်မိုးကိုမှ ဒဏ်ရာများ ဖြင့် မူးမေ့လဲနေရာမှ သတိရလာ ကာ ပတ်ဝန်းကျင်ရှိလူများအား အကူအညီတောင်းခံသဖြင့် ဆင် စုရပ်ကွက်၊ ရှုခင်းသာဗျူးပွိုင့်အနီး ရှိ လူများရောက်ရှိလာပြီး လူစု (၂)စုခွဲကာ ပြစ်မှုကျူးလွန်သူများ ကို လိုက်လံရှာဖွေကြရာ န၀ဒေး တံတားအောက် ကျူတောခြုံပုတ် အတွင်း ပုန်းအောင်းနေသော လူ (၃)ဦးအနက်မှ (၂)ဦးအား ဖမ်း ဆီးရရှိကာ (၁)ဦးမှာ လူအုပ် အတွင်းမှ ရုန်းကန်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထိုအချိန်တွင် မြို့မရဲစခန်း မှ လှည့်ကင်းတာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့်အဖွဲ့အားတွေ့၍ ဖမ်း ဆီးရမိသူ(၂)ဦးအား အပ်နှံပေးခဲ့ ပြီး မေးမြန်းစစ်ဆေးရာ ဖမ်းဆီး ရမိသူ(၂)ဦးမှာ ခလရ (၇၅)မှ တ/၃၇၂၅၆၉ တသ သန်းထိုက် အောင်နှင့် တ/၄၂၄၅၄၃ တသ ရဲကိုဦးတို့ဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်အပေါ် မအိဇင်မိုးကို၏ ဖခင်ဦးမြင့်ကို၊ ယာဉ်မောင်း၊ အမှတ်(၁၄၆၇)၊ ရွှေ လက်လှရပ်၊ န၀င်းရပ်ကွက်၊ ပြည် မြို့နေသူမှ မြို့မရဲစခန်းသို့ လာ ရောက်တိုင်တန်းသဖြင့် ၂၃-၄-၂၀၁၃ရက် ည(၁၁)နာရီခွဲ အချိန်တွင် ပြည်မြို့မရဲစခန်း (ပ)၂၉၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅အရ အမှုဖွင့်အရေး ယူဆောင်ရွက်ပြီး အသေးစိတ်စစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 
မိုးမခ(ပြည်)
HotNewsWeekly

Saturday, April 27, 2013

၂၃-၄-၂၀၁၃ ရက် ည(၁၀) နာရီခွဲအချိန်ခန့်က ပြည်မြို့၊ ဆင် စုရပ်ကွက်နယ်မြေ၊ ရှုခင်းသာ ကော်ဖီဆိုင် အောက်ခြေသောင် ပြင်တွင် သမီးရည်းစားများဖြစ် ကြသော မောင်ဇော်မင်းဦးနှင့် မအိဇင်မိုးကိုတို့ ထိုင်စကားပြော နေကြစဉ် အမျိုးသား(၃)ဦး ရောက်ရှိလာပြီး ““ညီလေးမီးခြစ် ရှိလားလို့””မေးကာ မအိဇင်မိုးကို ကို အမျိုးသားတစ်ဦးက နောက်မှ လည်ပင်းကိုညှစ်၍ ဖမ်းချုပ်ထား ပြီး ကျန်နှစ်ယောက်က ဇော်မင်း ဦးကို ၀ိုင်းဝန်းထိုးနှက်ကြသည်ဟု မအိဇင်မိုးကို၏ ပြောပြချက်အရ သိရသည်။ မောင်ဇော်မင်းဦး ၂၂နှစ် (ဘ)ဦးအုန်းရွှေ၊ တရုတ်စုလမ်း၊ ဒေါနခြံရပ်၊ န၀င်းရပ်ကွက်၊ ပြည် မြို့နေသူမှာ ၀ိုင်းဝန်းထိုးကြိတ်၊ လည်ပင်းညှစ် ရေထဲဆွဲနှစ်ခံရမှု ကြောင့် နှုတ်ခမ်းကွဲ၊ မျက်နှာဖူး ရောင်၊ ခန္ဓာကိုယ်အေးစက်တောင့် တင်းကာ သေဆုံးသွားပြီး မအိဇင်မိုးကို ၂၇ နှစ် (ဘ)ဦးမြင့် ကို၊ မူလတန်းပြဆရာမ၊ အမှတ် (၁၄၆၇)၊ ရွှေလက်လှရပ်၊ န၀င်း ရပ်ကွက်၊ ပြည်မြို့နေသူမှာ ယာဘက်ဂျိုစောင်းဒဏ်ရာ(၁) ချက်၊ ၀ဲဘက်နုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ လည်ပင်းညိုမဲ ဒဏ်ရာ(၁)ချက်၊ လည်ပင်းပွန်းပြဲ ဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

မအိဇင်မိုးကိုမှ ဒဏ်ရာများ ဖြင့် မူးမေ့လဲနေရာမှ သတိရလာ ကာ ပတ်ဝန်းကျင်ရှိလူများအား အကူအညီတောင်းခံသဖြင့် ဆင် စုရပ်ကွက်၊ ရှုခင်းသာဗျူးပွိုင့်အနီး ရှိ လူများရောက်ရှိလာပြီး လူစု (၂)စုခွဲကာ ပြစ်မှုကျူးလွန်သူများ ကို လိုက်လံရှာဖွေကြရာ န၀ဒေး တံတားအောက် ကျူတောခြုံပုတ် အတွင်း ပုန်းအောင်းနေသော လူ (၃)ဦးအနက်မှ (၂)ဦးအား ဖမ်း ဆီးရရှိကာ (၁)ဦးမှာ လူအုပ် အတွင်းမှ ရုန်းကန်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ထိုအချိန်တွင် မြို့မရဲစခန်း မှ လှည့်ကင်းတာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့်အဖွဲ့အားတွေ့၍ ဖမ်း ဆီးရမိသူ(၂)ဦးအား အပ်နှံပေးခဲ့ ပြီး မေးမြန်းစစ်ဆေးရာ ဖမ်းဆီး ရမိသူ(၂)ဦးမှာ ခလရ (၇၅)မှ တ/၃၇၂၅၆၉ တသ သန်းထိုက် အောင်နှင့် တ/၄၂၄၅၄၃ တသ ရဲကိုဦးတို့ဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်အပေါ် မအိဇင်မိုးကို၏ ဖခင်ဦးမြင့်ကို၊ ယာဉ်မောင်း၊ အမှတ်(၁၄၆၇)၊ ရွှေ လက်လှရပ်၊ န၀င်းရပ်ကွက်၊ ပြည် မြို့နေသူမှ မြို့မရဲစခန်းသို့ လာ ရောက်တိုင်တန်းသဖြင့် ၂၃-၄-၂၀၁၃ရက် ည(၁၁)နာရီခွဲ အချိန်တွင် ပြည်မြို့မရဲစခန်း (ပ)၂၉၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅အရ အမှုဖွင့်အရေး ယူဆောင်ရွက်ပြီး အသေးစိတ်စစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မိုးမခ(ပြည်)
HotNewsWeekly, Rangonnewsdaily
RND:  :27.4.2013

No comments:

Post a Comment