Pages

Pages - Menu

Friday, April 26, 2013

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်


ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ် က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။

... ယာဉ်တိုက်မှုကြောင့် တံတား ခဏပိတ်သွားတဲ့ အတွက် ကားတွေ ရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲ ဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတား ပလက်ဖောင်း မှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။
ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့ ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထား ရင်း ပြောနေ တာ တွေ့ရပါတယ်။

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက် ဒဏ်ရာ ရတာ မတွေ့ရပါဘူး။ တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။
ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရ တာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ...
“နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။ ဒီတံတားပေါ် မှာ ဘယ်ကား မှ ကျော်တက်ခွင့်မရှိဘူး။ ရှေ့က မောင်းနေတဲ့ကားကို ဝင်တိုက်တယ်ဆို တာကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေ အတွက် .တော်တော် ဒုက္ခရောက်ကြလေ့ရှိပါတယ်။ဒါကြောင့်မို့ လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံး တင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင် ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။ တာဝန် ရှိ တဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျ မှ နောက် ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။


ဧရာဝတီ

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ် က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။ယာဉ်တိုက်မှုကြောင့်တံတားခဏပိတ်သွားတဲ့အတွက်ကားတွေရပ်ပြီး စောင့်ဆိုင်းလိုက်
ရပါတယ်။ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲ ဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတား ပလက်ဖောင်း မှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။
ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။


ယာဉ်တိုက်မှုဖြစ်ပြီးခဏအကြာမှာသန်လျင်မြို့နယ်ရဲစခန်းကတာဝန်ရှိသူ ဆိုင်ကယ်နဲ့ ရောက်လာလို့ မေး
မြန်းချိန်မှာ ဒဏ်ရာရသွားတဲ့ ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထား ရင်း ပြောနေ တာ တွေ့ရပါတယ်။


အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက် ဒဏ်ရာ ရတာ မတွေ့ရပါဘူး။ တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။ဒါပေမယ့်အရပ်သားဆိုင်ကယ်တချို့လည်းနားလည်မှုနဲ့မကြာခဏဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ
တွေ့ရလေ့ရှိပါတယ်။


ဘေးကရပ်ကြည့်နေသူကားဒရိုင်ဘာတွေကတော့အခုလိုဖြစ်ရတာနောက်ကဝင်တိုက်သူ မှားတာလို့ ပြော
နေပါတယ်။


အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ... “နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။ ဒီတံ
တားပေါ်မှာဘယ်ကားမှကျော်တက်ခွင့်မရှိဘူး။ရှေ့ကမောင်းနေတဲ့ကားကိုဝင်တိုက်တယ်ဆို တာကတော့
တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။


ဒီတံတားကြီးပေါ်မှာကားကြီးတွေပျက်ရင်နောက်ကားတွေအတွက်.တော်တော်ဒုက္ခရောက်ကြလေ့ရှိပါတယ်
။ဒါကြောင့်မို့လည်းအမှတ်၂တံတားတစင်းတည်ဆောက်ပြီးကွန်တိန်နာကားကြီးတွေ၊သစ်လုံး တင်ကားကြီး
တွေ ဖြတ်သန်းကြပါတယ်။


ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင် ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။ တာဝန် ရှိ တဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျ မှ နောက် ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။

ဧရာဝတီ , Rangonnewsdaily
RND:  :26.4.2013

No comments:

Post a Comment