Pages

Pages - Menu

Friday, April 12, 2013

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက် မီးလောင်ကျွမ်းမှု နံနက် ၄ နာရီ ၀န်းကျင်တွင် မီးညွန့် ကျိုး

မီးဘေးသင့်သူများကို မီးလောင်ကျွမ်းဖြစ်ပွားရာ နေရာအနီးရှိ မှန်ကင်းကျောင်းတိုက်အတွင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး နေရာချထားပေးကြောင်း သိရှိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံ
နက် ၂ နာရီ ၅ မိနစ်ခန့် အချိန်မှ စတင်ပြီးမီးလောင်ကျွမ်းခဲ့ရာနံနက် ၄ နာရီ ၀န်းကျင်တွင် မီးညွန့် ကျိုးသွား
ပြီ ဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်ကျွမ်းမှုကို ဆက်လက် ငြှိမ်းသက်နေကြောင်း သိရပါသည်။ မီးလောင်ကျွမ်းရာ နေရာတွင် ပန်းပုလုပ်ငန်း လုပ်ကိုင်သူ အများစုနေထိုင်ပြီး အိမ်ခြေ စိတ်သဖြင့် ပျက်စီး မှု
များပြား နိုင်ကြောင်း ဒေသခံများက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
 
Eleven Media Group, Rangonnewsdaily
RND:12.4.2013

No comments:

Post a Comment