Thursday, April 11, 2013
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား
တိုက်ခိုက်မည့် ဒုံးကျည်များ ချ
ထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး
ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်
နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက်ကိုရီးယား
နှစ်နိုင်ငံကြား မည်သည့်
အရးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း
ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီး
ယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်
ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။
အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊
နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊
ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကိုဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး
ကုလသမဂ္ဂနှင့် အ
နောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက
တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်
ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။
PN055/ Ref: CNN,BBC,usatoday
Rangonnewsdaily
RND:11.4.2013

No comments:
Post a Comment