![]() |
လက်ပန်တာင်းတောင် ကြေးနီစီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုမှုများကြေ
ာင့်ဖမ်းဆီးချုပ်နှောင်ခြင်း
၊ဒဏ်ရာရအောင်ပြုလုပ်ခြင်း စသည့်
ကိစ္စများအား နိုင်ငံတော်သမ္မတကြီးမှ တာဝန်ယူ မဖြေရှင်းပါက လက်ရှိ ရာထူးမှ
နှုတ်ထွက်ပေးရန်တောင်းဆိုမှု ကို ရန်ကုန်မြို့ (၅၁) လမ်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ရုံးရှေ့
တွင် မကွေးကျောင်းတိုက် ဆရာတော်ဦးဝါယမမှ ဦးဆောင်၍ နေ့ညနေ လေးနာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်။
၎င်းတို့၏တောင်းဆိုချက်များတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ချက်ချင်းရပ်တန့်ပေးရန်၊ ဒဏ်ရာရသူများကို အန္တရာယ် ကင်းရှင်းစွာ တာဝန် ယူ
ကုသပေးရန် ၊ တိုက်ခိုက်သောအဖွဲ့အစည်းများကို
အရေးယူပေးရန်၊ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် စသည့်
အချက်များ ပါဝင်သည့်ကြေညာချက်ကိုလည်း ထုတ်ပြန်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အောင်သိုက်
Rangonnewsdaily
RND:4.4.2013

No comments:
Post a Comment