Pages

Pages - Menu

Wednesday, April 10, 2013

ယနေ့မနက် ၆နာရီမှစတင်ပြီး အရှည် ၂၅၀၇ ပေရှိ လှည်းတန်းခုံးကျော်တံတားကို စတင်ဖြတ်သန်းခွင့်ပြုပြီ

Wednesday, April 10, 2013

အရှည် ၂၅၀၇ ပေရှိ လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှစ၍ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။ ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ ဖြတ်သန်းသွားလာမည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တောမီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေးအတွက်လည်း နာနတ်တော မီးပွိုင့်ကို ဧပြီ ၁၀ ရက်မှ စ၍ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး သာဌေးက ဧပြီ ၉ ရက်ကကျင်းပသည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်း
ပွဲတွင် ပြောကြားသည်။ ''လှည်းတန်းခုံးကျော်တံတားကိုဧပြီ၁၀ရက်နံနက်၆နာရီကစပြီးဖြတ်သန်းလို့ရနေပါပြီ။ ရန်ကုန်-ပြည်လမ်းက
ယာဉ်တွေကတော့ မီးပွိုင့်စောင့်စရာ မလိုဘဲ တံတားပေါ်က ဖြတ်သန်းသွားလာနိုင်မှာပါ။

လှည်းတန်းမီးပွိုင့်မှာ တခြား ရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်
သာလမ်းကို အသုံးပြုမယ့် ယာဉ်တွေအတွက်ကို မီးပွိုင့်ကြာမြင့်ချိန်က အရင်ကထက် လျော့မယ်။ တိတိကျကျ မသတ်မှတ်ရသေးပေမယ့် အ ရင်က စက္ကန့် ၂၀ ပေးရင် အခု ၁၅ စက္ကန့် ဖြစ်ဖြစ် လျော့ချပေးသွားဖို့ စီစဉ်ထားပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''တံတားအဆင်း နာနတ်တောမီးပွိုင့်မှာ ကားတွေပိတ်နေမှာစိုးတဲ့အတွက် နာနတ်တောမီးပွိုင့်ကို ဖျက်လိုက်ပါမယ်။ ဒါပေမယ့် ရပ်၊ ကြည့်၊ သွား စနစ်ဖြစ်တဲ့ အချက်မီးဝါထားရှိပြီး ယာဉ်ကြောရှင်းလင်းပေးသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှရဲ
မှူးသာဌေးက ပြောကြားခဲ့ပါသည်။

အဆိုပါ လှည်းတန်းခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်-၄၄ ပေ ၈ လက်မ၊ ပလက်ဖောင်းအကျယ်- ၃ ပေ(နှစ်ဘက်)၊ တံတားအကျယ် ၅၀ ပေ ၈လက်မ၊ တံတားအောက် ကင်းလွတ်အမြင့်-၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆၀နှင့် ယာဉ်သွားလမ်းအကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိကြောင်း သိရသည်။

တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်း ပဏာမတွက်ချက်မှုများ အရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ ရှိကြောင်းလည်း သိရှိရသည်။

Eleven Media Group ,Rangonnewsdaily
RND:10.4.2013

No comments:

Post a Comment