Pages

Pages - Menu

Wednesday, April 3, 2013

တိုက်စစ်မှူး ကြည်လင်း အာစီယံ အကောင်းဆုံး ဆုရရှိ

Wednesday, 03 April 2013

အာစီယံဘောလုံးသမားများထဲမှ စာဖတ်ပရိသတ်များ ရွေးချယ်သည့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို မြန်မာ့ လက်ရွေးစင် ကစားသမား ကြည်လင်း ရရှိသွားခဲ့ကြောင်း goal ၀က်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။

တိုက်စစ်မှူး ကြည်လင်းသည် ရမှတ် ၅၀ ကျော်ဖြင့် ပထမနေရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ဘယ်တောင်ပံ ကစားသမား  ကလီဒေါင်က ရမှတ် ၃၀ ကျော်ဖြင့် ဒုတိယ ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်ကတည်းက ဖိလစ်ပိုင်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည့် အသက် ၃၀ ရှိပြီဖြစ်သော တောင်ပံကစားသမား ကလီဒေါင်သည် လက်ရွေးစင်အသင်းနှင့်အတူ ၁၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးဖြစ်သည်။

တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်မှုတွင် လေးနိုင်ငံမှ ကစားသမား လေးဦးပါဝင်ပြီး မြန်မာမှ ကြည်လင်း၊ ဖိလစ်ပိုင်မှ ကလီဒေါင်၊ ထိုင်းမှ ဒန်းဒါနှင့် စင်္ကာပူမှ ဆာရီအစ်ဟတ် တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တိုက်စစ်မှူး ဒန်းဒါနှင့် စင်္ကာပူနိုင်ငံမှ ကွင်းလယ်ကစားသမား ဆာရီအစ်ဟတ် တို့မှာ ရမှတ် ၈ မှတ်ကျော်သာ ရရှိခဲ့ကြောင်း သိရသည်။

အာစီယံဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို လာမည့် ဧပြီ ၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ပီနန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်

Wednesday, 03 April 2013

အာစီယံဘောလုံးသမားများထဲမှ စာဖတ်ပရိသတ်များ ရွေးချယ်သည့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို မြန်မာ့ လက်ရွေးစင် ကစားသမား ကြည်လင်း ရရှိသွားခဲ့ကြောင်း goal ၀က်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။ တိုက်စစ်မှူး ကြည်လင်းသည် ရမှတ် ၅၀ ကျော်ဖြင့် ပထမနေရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ဘယ်တောင်ပံ ကစားသမား ကလီဒေါင်က ရမှတ် ၃၀ ကျော်ဖြင့် ဒုတိယ ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်ကတည်းက ဖိလစ်ပိုင်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည့် အသက် ၃၀ ရှိပြီဖြစ်သော တောင်ပံကစားသမား ကလီဒေါင်သည် လက်ရွေးစင်အသင်းနှင့်အတူ ၁၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးဖြစ်သည်။

တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်မှုတွင် လေးနိုင်ငံမှ ကစားသမား လေးဦးပါဝင်ပြီး မြန်မာမှ ကြည်လင်း၊ ဖိလစ်ပိုင်မှ ကလီဒေါင်၊ ထိုင်းမှ ဒန်းဒါနှင့် စင်္ကာပူမှ ဆာရီအစ်ဟတ် တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တိုက်စစ်မှူး ဒန်းဒါနှင့် စင်္ကာပူနိုင်ငံမှ ကွင်းလယ်ကစားသမား ဆာရီအစ်ဟတ် တို့မှာ ရမှတ် ၈ မှတ်ကျော်သာ ရရှိခဲ့ကြောင်း သိရသည်။

အာစီယံဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို လာမည့် ဧပြီ ၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ပီနန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်, Rangonnewsdaily
RND:3.4.2013

No comments:

Post a Comment