Pages

Pages - Menu

Wednesday, April 10, 2013

ဦးကျော်သူ၏မြေ ငပလီတွင် အသိမ်းခံထားရမှု အခြားမြေရှင်များနှင့် ပူးတွဲအရေးဆိုမည်

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ  ဦးကျော် သူက ငပလီကမ်းခြေမှ ၄င်းပိုင်မြေများအား တပ်မြေအဖြစ် သိမ်းခဲ့သော်လည်း ဟိုတယ် များအတွက် ငှား ရမ်းထား၍ ပြန်လည်ရရှိရန် တင်ပြသွားမည်ဟု ပြောဆိုလိုက်သည်။သံတွဲမြို့နယ်၊ ငပလီကမ်းခြေ (ဇီးဖြူ ကုန်းကျေးရွာ)မှ ဦးကျော်သူပိုင်မြေအပါအ ဝင် ဒေသခံများ၏ မြေ ၃၅ ဒသမ ၅၃ ဧက ကို အမှတ်(၅၅) ခြေလျင် တပ်ရင်းမှ တပ်မြေ တိုးချဲ့ရန် ၂ဝဝဝ ပြည့်နှစ်က သိမ်းဆည်းခဲ့ ကြောင်း၊
သို့သော် အဆိုပါမြေများတွင် တပ်မြေအဖြစ် တိုးချဲ့မှုမပြုဘဲ ဟိုတယ်များ သို့ ငှားထားသောကြောင့် ပြန်လည်ရရှိရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသွား မည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။

အဆိုပါကျေးရွာတွင် အုန်းခြံလုပ်ငန်း၊ ဘန်ဂလိုအငှားလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၂ဝဝဝ ပြည့် နှစ်ဇူလိုင် ၂၅ ရက်တွင် သိမ်း ဆည်းကြောင်းထုတ်ြ ပန်ခဲ့ကာ ဇူလိုင် ၃၁ ရက်တွင် ဖယ်ပေးခဲ့ရကြောင်း၊ အစားထိုးမြေ အဖြစ် ဇီးဖြူကုန်းရွာအနောက်ဘက် လယ်ကွင်းများတွင် ပေ ၄ဝ x ၆ဝ ကွက်ပြန်ေ ပး သော်လည်း မယူခဲ့ကြောင်း မြေ ၆ ဧကသိမ်း ဆည်းခံရသူတစ်ဦးဖြစ်သည့် ဒေါ်လှလှမြင့်က ပြောသည်။

လက်ရှိတွင် အဆိုပါမြေများ၌ ဟိုတယ် များဆောက်လုပ်ထားပြီး အချို့ ဟိုတယ်စီမံ ကိန်းများလည်း စတင်နေပြီဖြစ်ကြောင်း ဒေ သခံတစ်ဦးဖြစ် သည့် ဒေါ်ခင်ခင်ဆုကလည်း ပြောသည်။ ”ကျွန်တော်တို့က အောင်ချမ်းသာဘန်ဂ လိုဆိုပြီးလုပ်ထားတာ။ အဲဒီနေရာမှာ ခုတော့ Amazing Hotel ဆိုပြီးလုပ်တယ်။ အရင် တုန်းကတော့ ပြောခွင့်မသာလို့ မပြောခဲ့ကြ ဘူး။ အခုတော့စုံစမ်းရေးကော်မရှင်ကို တင် ပြီးဆက်လုပ်သွားမယ်” ဟု ဦးကျော်သူက ပြောသည်။

သိမ်းဆည်းခဲ့သည့် နှစ်မှစ၍ ကမ်းခြေမှ သဲများ ကျောက်များကို အာဏာပိုင်များက ထုတ်ယူရောင်းစားခဲ့သောကြောင့် အဆိုပါနေ ရာတစ်ဝိုက်တွင် ရေတိုက်စားမှုကြောင့် အုန်း ပင်များလဲကာကမ်းခြေပျက်စီးနေပြီဟု ဒေသ ခံတစ်ဦးဖြစ်သည့် ဦးဝင်းလွင်က ပြော သည်။

”မိရိုးဖလာ အစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့ ဘန်ဂလိုလုပ်ငန်း အုန်းခြံလုပ်ငန်းတွေကဖယ် ပေးခဲ့ရတော့ မိသားစုတွေအားလုံးဒုက္ခရောက် ခဲ့ကြ တယ်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်က အမြန်ဆုံးစစ်ဆေး ဆောင်ရွက်ပေးစေချင်ပါ တယ်”ဟု ဒေါ်လှလှမြင့်က ပြောသည်။

အဆိုပါမြေများတွင် လက်ရှိ ဟိုတယ် လုပ်ငန်းလုပ်ဆောင်ရန် စီစဉ်နေသည့် Max ကုမ္ပဏီများအုပ်စုသို့ ဆက်သွယ်မေးမြန်းရာ ၄င်းတို့သို့ တပ် မတော်က အငှားချထားခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်ငါး နှစ်ခန့်မှစ၍အ ငှားချထားခြင်းဖြစ်ပြီး  နှစ်စဉ်ငှားရမ်းခပေးသွင်းရကြောင်း တာဝန်ရှိသူ တစ်ဦးက ဖြေ ကြားသည်။အဆိုပါ ၃၅ ဒသမ ၅၃ ဧကတွင် အိမ် ထောင်စု ၅၇ စုရှိပြီး အိမ်ခြေ၊ ဘန်ဂလို အပါအဝင် ၁ဝဝ ကျော် ဖျက်ပေးခဲ့ရကြောင်း၊ လူဦးရေ ၂ဝဝ ကျော်နေထိုင်ခဲ့ကြောင်း ဒေ သခံများထံမှ သိရသည်။

မေဇင်ဝင်း၊ မင်းသုအောင်
Popular Myanmar News, Rangonnewsdaily
RND:10.4.2013 

No comments:

Post a Comment