Pages

Pages - Menu

Thursday, April 25, 2013

ရန်ကုန်မြို့နဲ့ နယ်မြို့တွေကို ဧပြီလ ၃၀ရက်နေ့ အထိနေ့ စဉ် ၁နာရီဆီအလှည့်ကျ မီးဖြတ်တောက်သွားမည်

ရန်ကုန်မြို့နဲ့ နယ်မြို့တွေကို ဧပြီလ ၃၀ရက်နေ့ အထိနေ့ စဉ် ၁နာရီဆီအလှည့်ကျ မီးဖြတ်တောက်သွားမယ်လို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ က တာဝန်ရှိသူတစ်ဦးက ဒီဘီဗွီဘီကို ဒီကနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ တရုတ်ပြည်က လုံဂျမ်းလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အခုလ ၂၂ရက်နေ့ ကနေ ၃၀ရက်နေ့ အထိ စက်ရုံ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းတွေလုပ်ဆောင်မှာမို့ ၊ စက်ရုံကို ရပ်နားထားမှာဖြစ်ကြောင်း၊ ဒါကြောင့်မြန်မာနိုင်ငံနဲ့ တရုတ်ပြည်လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေးစီမံကိန်းဖြစ်တဲ့ ရွှေလီလျှပ်စစ်ဓာတ်အားပေး
စက်ရုံကို ရေအ၀င်နည်းတာကြောင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းသွားပြီး၊ မြန်မာနိုင်ငံကရရှိမယ့် လျှပ်စစ်ဓာတ်အား ၁၄၀ မဂ္ဂါဝပ် လျော့နည်းသွားမယ်လို့ အဲဒီ့တာဝန်ရှိသူက ဆိုပါတယ်။

ဒါကြောင့် စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အနေနဲ့တစ်နေ့  လျှပ်စစ်ဓာတ်အား ၇၀ မဂ္ဂါဝပ် နဲ့  နယ်မြို့တွေကို လျှပ်စစ်ဓာတ်အား ၇၀ မဂ္ဂါဝပ် လျော့နည်းပြီးရရှိမှာဖြစ်ပြီး၊ ရန်ကုန်မြို့ကိုတော့ မနက် ၅နာရီကနေ ညနေ ၅နာရီအထိကို တစ်နေ့ ကို လျှပ်စစ်ဓာတ်အားပေးချိန် ၁နာရီဆီ ဖြတ်တောက်သွားမယ်လို့ သိရပါတယ်။

DVB News, Rangonnewsdaily
RND:  :25.4.2013

No comments:

Post a Comment