ဒီကနေ့ဧပြီလ
၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း
အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့
မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့
တဲ့ ပဋိပက္ခကြောင့်
ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော်
ဖျက်ဆီးခံခဲ့ရပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့်
ဒေသတည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဧပြီလ ၃ဝ ရက်နေ့ ညနေ ၅ နာရီ
ကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈)
အမိန့်ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက
လိုက်လံ
ကြေငြာနေပါတယ်။
ဥက္ကံမြို့ဒေသ ပြန်လည်တည်ငြိမ်းအေးချမ်းမှုရှိေ စဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က လုံခြုံရေး
လုပ်ငန်းတွေကို စီမံဆောင်ရွက်မှုတွေပြုလုပ်နေပြီး
ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အလားတူ
ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက်
ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ
ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
photo: RFA/ Moe Thu Aung, Kyaw Zawe
Win
Rangonnewsdaily
RND: :30.4.2013
RND: :30.4.2013
No comments:
Post a Comment