ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံမှုတဲ့အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ဒေသခံတွေပြောစကားအရသိရပါတယ်။“ ဒီနေ့စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ဝင်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့မှတ်တမ်းတင်ထားမယ်လို့ပြောတယ်။ ပြီးတော့ ရွာတိုင်းက ဗလီဂေါပကတွေ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကိုခေါ်ပြီး ဘင်္ဂါလီခံယူဖို့ပြောတယ်။ မခံယူရင် မင်းတို့ကိုဖမ်းမယ် ဆိုပြီးလ.၀.က ကလူတွေကခြိမ်းခြောက်တယ်”လို့စစ် တွေဒေသခံတစ်ဦးကဆိုပါတယ်။
လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊
ခရိုင် လ.၀.က ၊စစ်တပ်မှတာဝန်ရှိသူ တွေပါဝင်တယ်လို့ သိရပါတယ်။
ရိုဟင်ဂျာရွာတွေမှာ လူမျိုးစာရင်းကောက်ခံဖို့အတွက် လ.၀.က၀န်ထမ်းပေါင်း
သုံးထောင်ကျော်ချထားပေး တယ်လို့လည်း သိရပါတယ်။ စစ်တွေဒေသခံတွေအနေနဲ့ ဘင်္ဂါလီ
လူမျိုးအဖြစ်ခံယူဖို့အစီစဉ်မရှိ ဘူးလို့လည်းသိရပါတယ်။
“ ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင် ကျွန်တော်တို့ငြင်းမှာပါ၊ ကျွန်တော်တို့ ဘင်္ဂလားဒေရှ့်ကလာတာမဟုတ်ပါဘူး၊ ခင်ဗျာတို့မြန်မာနိုင်ငံသားဖြစ် သလို၊ကျွန်တော်တို့တွေလဲ မြန်မာနိုင်ငံသားပါလို့စစ်တွေဒေ သခံ တစ်ဦးကဆိုပါတယ်။
ရိုဟင်ဂျာရွာတွေမှာလဲစစ်တပ်ကလုံ ခြုံရေးတွေချထားတယ်လို့သိရပါတယ် ။
ရွာတိုင်းမှာ လုံခြုံရေးချထားတာဖြစ်ပါတယ်။ ရွာတိုင်းမှာစစ်တပ်အင်အား ၇၀
ဝန်းကျင် ကနေ ၂၀၀ ၀န်းကျင်အထိ လူဦးရေအနည်းအများလိုက်
ချထားပေးတယ်လို့သိရပါတယ်။
“ ကျွန်တော်တို့ရဲ့ထွက်ပေါက်တွေကိုပိတ်ထားတယ်။ ပြီးတော့ မင်းတို့ဘယ်မှမထွက်နဲ့စစ်စရာရှိ သေး တယ်ဆိုပြှီးပြောတယ်။ လူမျိုးသက်မှတ်ရက်နီးလာပြီလေ၊လပိုင်းပဲလိုတော့တယ်။အဲဒီအတွက်
ကျွန်တော်တို့ကို ဘင်္ဂါလီ အဖြစ် အတင်းအကြပ်ခံယူ ခိုင်းနေတာဖြစ်တယ်လို့
ထင်တယ်။” လို့ ဒေသခံတစ်ဦးကသူ့ထင်မြင်ချက်ကိြုေ ပာပြပါတယ်။
လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်
“ ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင်
ရိုဟင်ဂျာရွာတွေမှာလဲစစ်တပ်ကလုံ
“ ကျွန်တော်တို့ရဲ့ထွက်ပေါက်တွေက
မိုးကြယ်စင်
Myanmar Muslim.Net, Rangonnewsdaily
RND: :26.4.2013
RND: :26.4.2013
No comments:
Post a Comment