Monday, April 8, 2013
မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းရိုးတန်း အနီးတွင် တာလတ်ပစ်
ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းပစ်
ခတ်နိုင်သော ဒုံးပစ်စင်သို့ သွင်းပြီး
ဝှက်ထားသောကြောင့် ပစ်လွှတ်နိုင်ခြေ ရှိသည်ဟု စိုးရိမ်မှုများ
ထွက်ပေါ်
နိုင်ငံ နယ်နိမိတ်သို့ ဦးတည်သော မြောက်ကိုရီးယား၏ မည်သည့်
ဒုံးကျည်ကိုမဆို ပစ်ချရန် ဂျပန်ကာကွယ်
ရေးဝန်ကြီး Itsunori Onodera က ဧပြီ ၇
ရက် သို့မဟုတ် လာမည့်နှစ်ရက်အတွင်း အမိန့်ပေးဖွယ် ရှိသည်ဟု ဂျပန်ယိုမိယူရီ
သတင်းစာနှင့် ဂျီဂျီ သတင်းအေဂျင်စီတို့က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့
အမိန့်ပေး
ပါက ရေပြင်အခြေစိုက် ဒုံးခွင်းစနစ် တပ်ဆင်ထားသော Aegis
ဖျက်သင်္ဘောများကို ဂျပန်ပင်လယ်တွင် တပ်
စွဲသွားမည်ဖြစ်ပြီး ယင်းမှသာ
ဂျပန်ပိုင်နက်ကို ဦးတည်လာသော မြောက်ကိုရီးယားဒုံးကျည်ကို
ထောက်လှမ်း
သိရှိကာ ပစ်ချနိုင်မည်ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက
ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားကလည်း အကယ်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ပါက
မြို့တော်ပြုံယမ်းရှိ ပြည်ပသံရုံးများမှ ၀န်ထမ်း
များ၏
ဘေးကင်းလုံခြုံရေးအတွက် ဧပြီ ၁၀ ရက် နောက်ပိုင်းမှစပြီး အာမခံချက်
မပေးနိုင်တော့ကြောင်း သ
တိပေးချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ဂျာမနီ
နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ကမူ မြောက်ကိုရီးယား
သည်
မိမိနိုင်ငံရှိ သံရုံးများ၏ လုံခြုံရေးအတွက် အာမခံချက် ပေးသင့်ကြောင်း ဧပြီ
၇ ရက်တွင် ပြောကြားခဲ့
သည်။
သို့သော် နိုင်ငံအများစု၏
အစိုးရများကမူသံရုံးဝန်ထမ်းများကိုချက်ချင်းခေါ်ယူရန်အစီအစဉ်
မရှိသေးကြောင်း
ရှင်းရှင်းလင်းလင်းထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယား
ကြေညာချက်မှာကိုရီးယားကျွန်းဆွယ်တွင်လတ်တလော
တင်းမာမှုအပေါ် နိုင်ငံတကာက
အစိုးရိမ် လွန်ကဲစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့
ကြသည်။
ကုလသမဂ္ဂကလည်း ၀န်ထမ်းများကို ပြန်လည်ခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း
ထုတ်ပြန်
ခဲ့သည်။
မြောက်ကိုရီးယားသည် ခြိမ်းခြောက်မှုများ
ဆက်တိုက်ပြုလုပ်နေသော်လည်း တပ်များကို နေရာရွှေ့ပြောင်း ချထားမှုများ
မရှိသေးသဖြင့် စိတ်တည်တည်ငြိမ်ငြိမ် ထားကြရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး
ဝီလျံဟိတ်ဂ်က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် တင်းမာမှု မြင့်တက်နေမှု လျော့ကျစေရန် ရည်ရွယ်ပြီး
အမေရိကန်က ကာလီဖိုးနီးယား
ရှိ Vandenberg လေတပ်စခန်းတွင်လာမည့်သီတင်းပတ်၌
ပြုလုပ်ရန်စီစဉ်ထားသော Minuteman 3 တိုက်ချင်း
ပစ် ဒုံးကျည်
စမ်းသပ်ပစ်လွှတ်ရန်အစီအစဉ်ကိုအမေရိကန်ကာကွယ်ရေးဝန် ကြီးချက်ဟေဂယ်က
ရွှေ့ဆိုင်း
ခဲ့ကြောင်း ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
EMG , Rangonnewsdaily
RND:8.4.2013

No comments:
Post a Comment