Pages

Pages - Menu

Thursday, April 4, 2013

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ကွန်ဒိုတစ်ခုရဲ့ဓာတ်လှေခါး အိုဗာဝိတ်ဖြစ်ပြီ.းမြေကြီးထဲကျွံဝင်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ်(၂) ရပ်ကွက် မဟာဗန္ဒုလပန်းခြံ လမ်းထောင့်နဲ့ ဘဏ်လမ်းထောင် အမှတ် (၃၃။၄၉) ရိုင်း ကွန်ဒို အဆောက် အဦးရှိ ဓာတ်လှေခါးသုံးခု အနက် အလယ်ပေါက် ဓာတ်လှေကား မှာသတ်မှတ်လူဦးရေ ထက် သုံးဦးပို မိုတင်ဆောင် လို့ အိုဗာဝိတ်ဖြစ်ကာ အရှိန်လွန် ပြီးမြေကြီး အတွင်းသို့ တစ်ပေ ခန့် ကျွှံဝင်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံး (နေပြည်တော်) ရဲ့သတင်းထုတ်ပြန် ချက် အရသိရပါတယ်။ ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ် ဧပြီ ၃ရက်နေ့ (၁၁း၃၀) အချိန်ရိုင်း ကွန်ဒူို အဆောက်အဦးရှိ ဓာတ်လှေကား အတွင်း လူ၁၃ တင်ဆောင်ပြီး ၈လွှာမှ မြေညီထပ်ကိုဆင်းခဲ့ရာ မြေညီထပ် မရောက် ခင်အရှိန်လွန်ပြီး ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဓာတ်လှေကား စီးနင်းသူ ၁၃ ဦးကတော့ထိခိုက်ဒဏ်ရာ မရကြဘူးလို့သိရပါတယ်။
ရွှေဖြိုးဇော်  Kumudra, Rangonnewsdaily
RND:4.4.2013

No comments:

Post a Comment