Thursday ,April25 ,2013
( လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ ) Mg
Mandalay တင်ထားပါ
သည် ဖတ်ပေးပါ အခုအကြောင်းရာက အရေပြားဆိုင်ရာ
အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ဖြေ
မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရ
တယ် ။ ဟုတ်ပါ သလား ။
အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။
ခွဲစိတ်ထည့်ပေးမယ်။ ဆရာဝန်
နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။
ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင်
ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ
လဲရတယ်ဆိုတာ
လည်း မဟုတ်ပါဘူး ။
မေးခွန်း ၂ - နှာခေါင်း ၊
နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား။တစ်ချို့ကလည်း
တစ်သက်
လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။
နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မ
ထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း
ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်
နိုင် ပါသလဲ ။
အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာထည့်တာကျတော့ဆီလီကွန်မဟုတ်ပါဘူး ။နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့
အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က
ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်
ပါး ကနေ ယူတာပါ ။
အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို
နှုတ်ခမ်း
မှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန်
အပျော့မဟုတ်ဘူး ။အမာထည့်ရ
တာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။
အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ
ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း
ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်
တာကျတော့
အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့
ဂရုစိုက်ဖို့လိုတယ် ။
မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ
မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြု
ထားတာပုံမကျ ရင်
ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊
ပြန်ထုတ် ၊ ပြန်
ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါ တယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်
ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။
Mg Mandalay
Rangonnewsdaily
RND: :25.4.2013

No comments:
Post a Comment