Pages

Pages - Menu

Thursday, April 25, 2013

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာ၌ လုံထိန်းနှင့် ရွာသားများပဋိပက္ခဖြစ်ပွားနေ

လက်ပံတောင်းတောင် နောက်ဆုံးအခြေအနေ
=======================

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းအမည်ခံ၍ တောင်ဖြို ၊ မြေယာသိမ်းပြုလုပ်နေသော စစ်ခရိုနီဦးပိုင်ကုမ္ပဏီ၏ မတရားမှုများကို တောင်သူလယ်သမားများ အနေဖြင့်ကန့်ကွက်လျှက်ရှိသည်၊၊

ကုမ္ပဏီအနေဖြင့် ၂၀၁၀ခုနှစ်မှစပြီး လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကို ပြည်သူလူထုနှင့် နိုင်ငံတော်အား လိမ်လည်လှည့်ဖျားကာ စနစ်တကျ ခိုးလုပ်ခဲ့ခြင်းဖြစ်ပါသည်၊၊ ယခုအချိန်ထိလဲ ဦးပိုင်နှင့် ဝမ်ဘောင်ကြေးနီစာချုပ်သစ်ကို ၁၃-၃-၂၀၁၃ရက်က ပြောခဲ့သည့်အတိုင်း (၁၄)ရက်အတွင်း စာချုပ်သစ်ပြန်ချုပ်ပေးမည် ဆိုသောဂတိစကားကို လိုက်နာခြင်းမရှိပါ၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် သစ်ပင်များစိုက်ပျိုးခြင်း ၊မြေဆီ လွှာထိန်းသိမ်းခြင်း စသောလုပ်ငန်းများကိုလဲ လုပ်ဆောင်ခြင်းမရှိပါ၊၊ EIA~HIA~SIA ခွင့်ပြုချက်များလဲ ရယူထားခြင်းမရှိပါ ၊မြေပိုသိမ်းဧက(၉၀၀)ကျော်ကိုလဲ လွှဲပြောင်းခြင်း
လုပ်ကိုင်စေခြင်းမရှိပါ ၊မြေယာလျှော်ကြေးငွေပေးသည် ဆိုရာတွင် ကာလဒေသပေါက် ဈေးအတိုင်းမပေးပဲ ကာလပေါက်ဈေး သိန်း၆၀တန်ကို ၁၀သိန်းနှူံးသာပေးနေသည်၊ ယနေ့အချိန်ထိ လက်ပန်းတောင်လယ်သမား၈၀ % မထုတ်ယူပါ၊ ထုတ်ပေးသည့် စာချုပ်ပေါ်တွင်သားစဉ်မြေးဆက် အပြီးအပိုင်လွဲပေးရသည့် လက်မှတ်ကို ထိုးပေးရသောကြောင့် လယ်သမားများအနေဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ 

စုံစမ်းရေးကော်မရှင်မှ ၁၄-၃-၂၀၁၃ရက် ဆည်တည်းရွာတွင် မိမိမြေကိုရောင်းချင်ရင်လဲ ရောင်းခွင့်ရှိတယ်၊ မရောင်းချင်ရင်လဲ မရောင်းပဲနေနိုင်တယ်လို့စီမံကိန်းနှင့်ပတ်သတ်၍လယ်သမားများကို ပြောကြားခဲ့ရာ လယ်သမားများအနေဖြင့် မရောင်းပဲနေကြသည်၊၊ သမ္မတဦးသိန်းစိန်မှလဲ ၂၈-၉-၂၀၁၂ရက်နေ့တွင် စီမံကိန်းကြောင့်ရွေ့ပြောင်းရမည့်ကျေးရွာများ မရွေ့ပြောင်းချင်ရင်မရွေ့ပြောင်းပဲနေနိုင်သည်ဟု ပြောကြားခဲ့သော်လဲယနေ့အချိန်ထိ ထိုကျေးရွာများကို ပုဒ်မ(၁၄၄)ထုတ်ထားပါသည်၊ နှစ်ပေါင်းများစွာ ခွင့်ပြုချက်လုံးဝမရှိပဲ
ဦးပိုင်ကုမ္ပဏီမှ မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံကို ခိုးလုပ်နေတာကို မည်သူမှအရေးမယူပဲ ကုမ္ပဏီမှပင်ဒေသခံတွေကို ပြန်လည်တရားစွဲနေပါသည်၊ နည်းမျိုးစုံသုံးပြီးအာဏာရှိသူများနှင့် စစ်ခရိုနီကြီးများမှ လက်ပန်တောင်းတောင် ပြည်သူများကို ဖိနှိပ်အနိုင်ကျင့်နေပါသည် ။

ပြည်သူကိုပေးသော ဂတိစကားများသည် လူကြားကောင်းရုံ၊စော်ကားပုတ် ခတ်နိုင်ယုံသာဖြစ်နေပြီး မည်သည့်တာဝန်ယူမှုမှမရှိပါ၊ လုပ်ငန်းကော်မတီ(၁၅)ဦးပါအ
ဖွဲ့သည့် အာဏာပိုင်များ၊ ကုမ္ပဏီလူကြီးများသာပါဝင်ပြီး ဒေသခံပြည်သူတွေကို ပါဝင်
ခွင့်ပေးထားခြင်းမရှိပါ၊ လက်ပန်တောင်းပြည်သူများအနေဖြင့် ခွင့်ပြုချက်ယူဆန္ဒဖော် ထုတ်နေယုံဖြင့် မိမိတို့ဘဝကို အမြဲအထောက်အကူပြုနေမည်ဟု မယုံကြည်သောကြောင့် အသက်ရှင် ရပ်တည်ရေးအတွက် မိမိမြေကာကွယ်ကွယ်ရေးလုပ်ငန်းများကို
လက်တွေ့ကျကျ လုပ်ကိုင်နေရပါသည်၊ ဥပဒေမဲ့လုပ်နေသောစီမံကိန်း၊ ဘာတာဝန်ယူမှုမရှိသော ဂတိစကားတွေကို အားကိုးနေတော့မည်မဟုတ်ပေ၊ မိမိတို့ဘဝလုံခြုံရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက် မိမိတို့မြေယာများကို ရဲများလုံထိန်းများနှင့် မည်သို့ပင်ဖိနှိပ်နေပါစေ ထွန်ယက်စိုက်ပျိုးမှုများကို ညီညွတ်ခြင်း၊ ရဲရင့်ခြင်းအပြည့်ဖြင့်ပြန်လည်ထွန်ယက်နေပြီဖြစ်သည်၊၊ 

ဆည်တည်းရွာ၊မိုးကြိုးပြင်ရွာ၊တုံရွာ၊ဇီးတောရွာစသည့် ရွာလေးရွာမှ မိမိတို့မြေယာတွေကို အာဏာပိုင်တို့မတရားသိမ်းယူထားသည့်ကြားမှ ပြန်လည်ထွန်ယက်နေပြီး၊ လုံထိန်းများရဲများမှလဲတားဆီးခြိမ်းခြောက်မှုများကိုအင်အားသုံး ဆောင်ရွက်နေပါသည်၊ သိက္ခာမရှိ၊ ဂတိမတည်သည့် အာဏာပိုင်များနှင့် စစ်ခရိုနီတို့၏ လက်ထဲ၌ လူလိမ္မာလယ်သမားတွေအဖြစ် သတ်မှတ်ခံခြင်းထက်၊ မယဉ်ကျေးသူတွေအဖြစ် သတ်မှတ်ခံရခြင်းသည် ပို၍မွန်မြတ်သည်ဖြစ်သည်၊၊

၂၄-၄-၂၀၁၃
မနက်(၁၀း၃၀)နာရီ

လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ
Goshal Lay - via Maha Mingyi

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်မြေကွက်၌ မနက်(၉)နာရီက လယ်သမား များထွန်ယက်နေစဉ်လုံထိန်းအင် အား(၅၀၀)ဖြင့်လယ်သမားများကိုဝင်ရောက်ရိုက်နှက်ဖမ်းဆီး ခဲ့ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်ကပြောသည်။ ဖြစ်စဉ်တွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုး
အပါအဝင်(၆)ဦးခန့် ကိုဖမ်း
ဆီးသွားပြီး ကျန်နေသူများကိုထပ်မံ ရိုက်နှက်ခဲ့ကြောင်း ၊ မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော်ပိုင်မြေကွက် ရှိလယ်သမားများကိုလည်းဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ၄င်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် တာဝန်ခံ ကိုသောင်းထိုက်အကြမ်းဖက်ဖမ်းဆီးသော်လည်းလယ်သမားများပြန် လည်လုယူနိုင်၍လွတ်မြောက်ခဲ့ပြီး ယခုအချိန်တွင်လုံထိန်းများနှင့်ဒေသခံရွာသားများနှစ်ဖက်ရင်ဆိုင်ပဋိပက္ခဖြစ်ပွားလျက်ရှိနေပြီးသိရသည်။

NLA
Popular Myanmar News Journal , Rangonnewsdaily
RND:  :25.4.2013

No comments:

Post a Comment