Pages

Pages - Menu

Monday, April 15, 2013

မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များကို ဆွေးနွေးဖို့ခေါ်ယူပြီး နှုတ်သရမ်းခဲ့တဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်

အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့
ဆုံမှုအပေါ်ဦးသိန်းဝင်းအောင်အားဆက်သွယ်မေးမြန်းချက်Q–မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကဘာသာ
ရေးအဖွဲ့ခေါင်းဆောင်တွေကိုခေါ်ယူတွေ့ဆုံခဲ့တယ်။အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ သတင်း
တွေကြားသိရပါတယ်။ဒါကြောင့်အဲဒီတွေ့ဆုံမှုအကြောင်းကိုဦးသိန်းဝင်းအောင်အနေနဲ့ပြောပြပေးလို့ရမလား
ခင်ဗျာ။A–ပြောပြလို့ရပါတယ်။ပြီးခဲ့တဲ့၁၂-ရက်နေ့သောကြာနေ့န့လည်၁၂-နာရီလောက်မှာ အိုလမာအဖွဲ့ရုံးကနေ
ကျွန်တော့်ကိုဖုန်းဆက်လာပါတယ်။မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က ဘာသာရေးအဖွဲ့ခေါင်း
ဆောင်တွေကို နေ့လည် ၃-နာရီမှာ တွေ့မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။
 
ကျွန်တော်တို့လည်း တွေ့ချင်နေတဲ့အချိန်ဆိုတော့ ကောင်းတယ် တွေ့လိုက်ကြမယ်ဆိုပြီး တွေ့ဖို့ ပြင်ဆင်
လိုက်ကြတယ်။အဲ့ဒီနေ့က သောကြာနေ့လည်းဖြစ်တော့ ကျွန်တော်လည်း နေ့လည်ဝတ်ပြုပြီး အိုလမာ ရုံးခန်းကို ရောက်သွားတယ်။ ၀န်ကြီးချုပ်နဲ့တွေ့ရင် ပြောသင့်တာလေးတွေကို တိုင်ပင်လိုက်ကြတယ်။ ပြီးတော့ ဘာသာရေး အဖွဲ့ကြီးတွေရယ် ကျွန်တော်တို့ တွရီကာရယ်က အားလုံးစုစုပေါင်း (၁၀)ယောက် သွားတွေ့ကြပါတယ်။

Q – ဟုတ်ကဲ့။ ၀န်ကြီးချုပ်က ဘယ်အကြောင်းအရာအတွက် ခေါ်ယူတာပါလဲ။

A – ခေါ်ယူတဲ့ ခေါင်းစဉ်က မရှိပါဘူး။ ဒီအတိုင်း နှုတ်မိန့်နဲ့ တွေ့ဖို့ခေါ်တာပါ။ တွေ့ဆုံမှုကို တခြား ဌာနဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Q – ဘယ်နေရာမှာ ခေါ်ယူတွေ့ဆုံတာပါလဲ။

A – မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ခေါ်ယူတွေ့ဆုံတာပါ။ ၁၂-ရက်နေ့ နေ့လည် ၃-နာရီမှာ ဆုံတာပါ။

Q – ဟုတ်ကဲ့ပါ။ ဒါဆို တွေ့ဆုံတဲ့အချိန်မှာ ဘာတွေကို ပြောဆိုဆွေးနွေးခဲ့ပါသလဲ။

A–စစတွေ့တွေ့ချင်းပဲဝန်ကြီးချုပ်ကတစ်ခြားဘာမှမပြောပဲအခု မိတ္ထီလာ ကိစ္စဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစပြောတယ်။မိတ္ထီလာကိစ္စကမွတ်စလင်မ်တွေဘက်ကစပြီး ဖန်တီးခဲ့တာဖြစ်တယ်။ ရွှေဆိုင်ပြဿနာကအ
စပြုခဲ့တယ်။
 
ပြီးတော့ဘုန်းကြီးကိုသတ်တယ်။နောက်ပြီးတော့ကျောင်းဝင်းထဲကနေကလေးတွေကအော်ကြတယ် ဗုဒ္ဓဘာ
သာဝင်တွေရဲ့ သွေးနဲ့ဆေးမယ်လို့ အော်ကြလို့ ပြဿနာတွေ ပိုမိုကြီးထွားကုန်တယ်။ မွတ်စလင်မ်တွေဟာ အစွန်းရောက်နေကြကြောင်း၊အသေခံဗုံးခွဲတယ်၊မွတ်စလင်မ်တွေက မဟုတ်မမှန်သတင်းတွေ ပြောဆိုကြတ
ယ် ဆိုတာတွေပြောတယ်။ ပြီးတော့ သူပြောပုံတွေက ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မွတ်စလင်မ်တွေက အပြစ်မြင်နေတာတွေကို ရပ်တန့်စေဖို့ မွတ်စလင်မ်တွေကို အပြစ်ပုံချပြီး ပြောတယ်။
 
နောက်အခုမိတ္ထီလာဖြစ်ရပ်အတွက်စားနပ်ရိက္ခာအတွက်ကူညီပံ့ပိုးမှုတွေကိုဝန်ကြီးချုပ်က အားလုံးစီစဉ်ပေး
ထားတယ်ဆိုတာကိုပြောတယ်။မိတ္ထီလာကိစ္စအတွက်ဝန်ကြီးချုပ်အနေနဲ့ကူညီမှုတွေစီစဉ်ပေးတာ အခုအချိန်
ထိ မရှိပါဘူး။ အဲဒါကို ၀န်ကြီးချူပ်က သူစီစဉ်ပေးထားတယ်လို့ ပြောပါတယ်။

ကျွန်တော်တို့ထင်ထားတာကအခုဖြစ်ပွားသွားတဲ့ မိတ္ထီလာကိစ္စအတွက် စေ့စပ်ညှိနှိုင်းမှုတွေ၊ ပြန်လည်ပြင်
ဆင်ရေးအတွက် ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာ ခေါ်ယူတွေ့ဆုံပြောဆိုမယ်လို့ ထင်ထားခဲ့ကြတာပါ။ ၀န်ကြီးချုပ်က အဲဒါတွေ မပြောပဲ မွတ်စလင်မ်တွေဘက်ကို ဖိပြီး ပြောလိုက်တော့ တော်တော်လေး အံ့သြသွားတယ်။

Q–၀န်ကြီးချုပ်ကအခုလိုပြောလိုမှုအပေါ်အဖွဲ့ကြီးကခေါင်းဆောင်တွေအနေနဲ့ ဘာတွေများ ပြန်ပြီး ဆွေးနွေး
ခဲ့ကြပါသလဲ။

A – ၀န်ကြီးချုပ်က အဲလိုပြောလိုက်တော့ ကျွန်တော်လည်း ၀န်ကြီးချုပ်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာအစွန်းရောက်တွေမဟုတ်ဘူးဆိုတာရယ်၊ကျောင်းဝင်းထဲက ကလေးတွေအော်တာဟာ
လည်းဘုရားသခင်နာမကို တသပြီး ကြောက်ရွံ့အော်ဟစ်တာဖြစ်တယ်ဆိုတာရယ်၊ မွတ်စလင်မ်တွေအနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက်လည်း အထူးကြိုးပမ်း ဆောင်ရွက်နေတယ်။ သံဃာတော်တွေကို အပြစ်မြင်နေတယ်ဆိုတာလည်း မဟုတ်ကြောင်း၊
 
မန္တလေးမှာ ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားလုပ်တော့ သံဃာတော်တွေအတွက် သင်္ကန်းတွေကို ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ ၀ယ်ယူလှူဒါန်းပါတယ်။ မော်လ၀ီတွေအတွက် ပုဆိုးလှူပါတယ်။ ဒါမျိုးတွေ လုပ်ခဲ့ကြတာပါ။ အကြမ်းဖက်မှုကို မြန်မာနိုင်ငံက မွတ်စလင်မ်တွေလုပ်မှာ မဟုတ်ဘူးဆိုတာ ပြောတယ်။
 
ပြီးတော့အခုဆိုယှအ်ဗာန်လရမသွာန်လ(ဥပုသ်လ)ကိုရောက်တော့မယ်။ဒါကြောင့် မွတ်စလင်မ်တွေအတွက် ဗလီတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အဲဒါတွေကို ပြောပြတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကျွန်တော့်ကို ငေါက်ငမ်းပါတယ်။ ခင်ဗျားကို ပြောနေတာမဟုတ်ဘူး။ ခင်ဗျားနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ခင်ဗျားကို ထပ်ပြောခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပြောသင့်တာကို ထပ်ပြောပြပါတယ်။

Q – ဒီတော့ ၀န်ကြီးချုပ်က ဘာပြောပါသလဲ။

A – ၀န်ကြီးချုပ်က ကျွန်တော့်ကို ခင်ဗျားတို့ဘာကို ရည်ရွယ်နေတယ်ဆိုတာသိတယ်။ ခင်ဗျားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာသိတယ်။အခုခင်ဗျားပြောနေတာတစ်ခုခုဖြစ်လာရင် ခင်ဗျားတရားခံပဲ။ ဖြစ်လာတာ
နဲ့ ခင်ဗျားကို အရင်ဖမ်းချုပ်မယ် ဆိုပြီး ကြိမ်းဝါးတယ်။

Q – ဟုတ်ကဲ့။ ဒါဆိုရင် အဲဒီ တွေ့ဆုံမှုရဲ့ နောက်ဆုံး အချုပ်က ဘယ်လို အဆုံးသတ်ခဲ့ပါသလဲ။

A–နောက်တော့သူဆက်ပြောတယ်အခုသင်္ကြန်ကာလရောက်တော့မှာသင်္ကြန်ကာလမှာ အက်ဆစ်နဲ့ပက်
မယ်၊ဘာဖြစ်မယ်ညာဖြစ်မယ်အဲလိုတွေသတင်းထွက်နေတယ်။အဲဒါတွေကိုမွတ်စလင်မ်တွေက ထိန်းပေးဖို
့ ပြောတယ်။ နောက်ဆုံး အချုပ်ကတော့ အဲဒါပါပဲ။

Q – ၀န်ကြီးချုပ်က အခုလို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုကြိမ်းမောင်းခဲ့တာတွေ၊ မျှတမှုမရှိပဲ ဘက်လိုက်ပြီး တဘက်သတ်ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတကို စာတင်မယ်လို့ သိရတယ်။ အဲဒါကရော ဘယ်လိုများ လုပ်ဆောင်နေပါသလဲ။

A–၀န်ကြီးချုပ်ရဲ့အခုခေါ်ယူတွေ့ဆုံမှုကသက်သက်မဲ့ကြိမ်းမောင်းခြိမ်းခြောက်မှုပုံစံပါပဲ။ ၀န်ကြီးတစ်ဦးအနေ
နဲ့ မလုပ်သင့်တာကို လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ သမ္မတဆီရော ပြည်သူ့လွှတ်တော်ဥက္ကဌဆီရော တရားဝင် တိုင်ကြားသွားမှာပါ။ အဖွဲ့ကြီးတွေ အနေနဲ့ အဲဒါကို စီစဉ်နေပါပြီ။

Q – အခုလို ဖြစ်သွားတဲ့ ကိစ္စရပ်အပေါ်မှာ ဦးသိန်းဝင်းအောင် အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။

A – အခုထွက်ပေါ်လာတဲ့ သတင်းတွေက မွတ်စလင်မ်တွေဘက်က ထုတ်တဲ့သတင်းမဟုတ်ပဲ တခြားက သူတို့ဘာသာသူတို့ ကောလဟလ သတင်းထုတ်၊ ပြီးရင် မွတ်စလင်မ်တွေဘက် လှည့်ပြောတာမျိုးကိုတော့ ကျွန်တော်တို့လက်မခံပါဘူး။ ကျွန်တော်တို့ကတော့ အဲဒါအတွက်ဆို ပွင့်ပွင့်လင်းလင်းသာပြော လိုအပ်ရင် ကျွန်တော်တို့ ကိုယ်တိုင် ကင်းစောင့်ပေးရမလား စောင့်မယ်။

ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့မပြောသင့်တာတွေကိုပြောတယ်။မဖြစ်သင့်ပါဘူး။ပြီးတော့ မွတ်စလင်မ်တွေ ဗုံးခွဲတယ်ဆိုပြီးပြောတယ်။ မွတ်စလင်မ်တွေ ဗုံးမခွဲပါဘူး။ ဒါပေမယ့် နှလုံးသားတွေကို ခွဲပြပါမယ်။ လာမယ့် ၂၀၁၅-ခု ရွေးကောက်ပွဲကျရင် မြင်တွေ့ရမှာပါ။ ကျွန်တော် အဲဒါပဲ ပြောချင်ပါတယ်။

Q – ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
A – ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့မှုများအပေါ် ထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်ဖြစ်ပါတယ်။

M.media, Rangonnewsdaily
RND:15.4.2013

No comments:

Post a Comment