Pages

Pages - Menu

Monday, April 8, 2013

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး
Monday, April 8, 2013

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆို
ပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် Choddogram မှ ဖြစ်ကြောင်း သတင်းများ
တွင် ဖေါ်ပြသည်။

ကြက်တုပ်ကွေးကြောင့် ယခု ကလေးငယ် သေဆုံးမူသည် ပထမဦး
ဆုံး ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကူးစက်ရောဂါ တိုက်ဖျက်ရေး သုတေသန ဌာနမှ ညွှန်ကြားရေးမှူးချုပ် Mahmudur Rahman က အတည်ပြု ပြောကြားသည်။

အဆိုပါ ကလေးငယ်အား ပထမဆုံး ကိုမီလာဆေးကျောင်း ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ၎င်းနောက် ဒက္ကားမြို့ ကလေး ဆေးရုံ တစ်ခုသို့ လွဲပြောင်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခြေအနေ တိုးတက်မူမရှိသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ပို့ပေးခဲ့ရာ ယခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးပြီးနောက် လည်ချောင်းနှင့် နှာခေါင်း နမူနာများအား အမေရိကန်နိုင်
ငံ အန္တလန်တာ ( Atlanta) ရှိ ဓါတ်ခွဲခန်းသို့ စမ်းသပ်ရန် ပေးပို့ခဲ့ရာ အဆိုပါ ဓါတ်ခွဲခန်း၏ စစ်ဆေး တွေ့ရှိချက်အရ အဆိုပါ ကလေးငယ်မှာ H5N1 ကြက်
တုပ်ကွေးကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့
သည်ဟု ဆိုသည်။

အစီရင်ခံစာကို လက်ခံရရှိပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူများ
က သွားရောက် စစ်ဆေးရာ သေဆုံးသူ ကလေးငယ်၏ အိမ်နောက်ဘက်
တွင် မွေးမြုထားသော ကြက်ခြံမှ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဘင်္ဂလာဒေခ်ျ့ အစိုးရထံ ၄င်းအကြောင်း ကိစ္စအား တရားဝင် အကြောင်းကြားခဲ့ကြောင်း၊ အစိုးရ ၀က်ဆိုက်တွင် အဆိုပါ ဖြစ်စဉ်အား ယမန်နေ့က စတင် ဖေါ်ပြထားကြောင်း သိရသည်။

NEWS COLLECTION

Monday, April 8, 2013

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆို ပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် Choddogram မှ ဖြစ်ကြောင်း သတင်းများ တွင် ဖေါ်ပြသည်။ ကြက်တုပ်ကွေးကြောင့် ယခု ကလေးငယ် သေဆုံးမူသည် ပထမဦး ဆုံး ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကူးစက်ရောဂါ တိုက်ဖျက်ရေး သုတေသန ဌာနမှ ညွှန်ကြားရေးမှူးချုပ် Mahmudur Rahman က အတည်ပြု ပြောကြားသည်။

အဆိုပါ ကလေးငယ်အား ပထမဆုံး ကိုမီလာဆေးကျောင်း ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ၎င်းနောက် ဒက္ကားမြို့ ကလေး ဆေးရုံ တစ်ခုသို့ လွဲပြောင်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခြေအနေ တိုးတက်မူမရှိသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ပို့ပေးခဲ့ရာ ယခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးပြီးနောက် လည်ချောင်းနှင့် နှာခေါင်း နမူနာများအား အမေရိကန်နိုင် ငံ အန္တလန်တာ ( Atlanta) ရှိ ဓါတ်ခွဲခန်းသို့ စမ်းသပ်ရန် ပေးပို့ခဲ့ရာ အဆိုပါ ဓါတ်ခွဲခန်း၏ စစ်ဆေး တွေ့ရှိချက်အရ အဆိုပါ ကလေးငယ်မှာ H5N1 ကြက် တုပ်ကွေးကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့ သည်ဟု ဆိုသည်။

အစီရင်ခံစာကို လက်ခံရရှိပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူများ က သွားရောက် စစ်ဆေးရာ သေဆုံးသူ ကလေးငယ်၏ အိမ်နောက်ဘက် တွင် မွေးမြုထားသော ကြက်ခြံမှ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဘင်္ဂလာဒေခ်ျ့ အစိုးရထံ ၄င်းအကြောင်း ကိစ္စအား တရားဝင် အကြောင်းကြားခဲ့ကြောင်း၊ အစိုးရ ၀က်ဆိုက်တွင် အဆိုပါ ဖြစ်စဉ်အား ယမန်နေ့က စတင် ဖေါ်ပြထားကြောင်း သိရသည်။

Rangonnewsdaily
RND:8.4.2013

No comments:

Post a Comment