ဧပြီ ၃၀၊ ၂၀၁၃
ဥက္ကံ ။ ။ ဥက္ကံမြို့ရှိ ဗလီ၊စာသင်ကျောင်းနှင့်မွတ်စလင်မ်အိမ်များ၊
ဆိုင်ခန်းများကိုယနေ့ နေ့လည်၁နာရီခန့်က
စတင် အကြမ်းဖက်
ဖျက်ဆီးနေမှုနှင့်ပတ်သက်၍ အကြမ်းဖက်ခံရသည့်နေရာမှ
ထွက်ပြေးတိမ်းရှောင်နေသူ
များနှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
"ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင် အိမ်နဲ့ ဆိုင်
ခန်းတွေကို
ဖျက်ဆီးတယ်။ မီးရှို့တယ်။မီးရှို့တာကဟာဖိဇ်(အာရဗီစာသင်)ကျောင်းဘေးကတဲကို
မီးရှိုတယ်
တော်လည်း အဲ့ဒီဘက်ကို အခု
သွားကြည့်လို့ မရတော့ဘူး။ ရှောင်နေရတယ်။ ဟာဂျီဦးမောင်ရွှေတိုက်လည်း
ဖျက်တ ယ်။
ဟာဂျီတင်ဦးဆိုင်လည်းဖျက်တယ်။
ရပ်ကွက်ထဲမှာ မွတ်စလင်မ်ပိုင်နေရာတွေ
တော်တော်များများဖျက်တယ်။ အခုလည်း ဖျက်နေတာ အုန်းအုန်း အုန်းအုန်းနဲ့
အသံတွေ ကြားနေရတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာလည်း အခု လက်ရှိဖျက်နေတယ်။
ကျွန်
တော့်အိမ်ရှေ့ကအိမ်လည်း ဖျက်ခံလိုက်ရတယ်။ ဒါဆို ကျွန်တော့်အိမ်လည်းဖျက်ခံရတဲ့အထဲပါသွားလောက်
ပြီ။ အခုပဲ အခု။ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်၊
အောင်ရတနာ(၂)လမ်းထဲမှာပါ။ ကျွန်တော် ကွင်းထဲမှာ အခု
ရောက်နေတယ်။"
"ရဲတွေ စစ်တပ်တွေတော့ရှိနေတယ်။ သူတို့လည်း ဘာမှ လုပ်လို့မရဘူးဗျ။ တောကနေ
လူတွေအများကြီး
တက်လာတယ်။ လူဦးရေက ကျွန်တော်ပြောလို့မရဘူး။ သူတို့တက်လာက
ဘယ်ရောညာရော လေးဘက်
လေးတန် ဘေးပတ်ပတ်လည်ကနေအကုန်တက်လာကြတာ။ကျွန်တော်တို့က
ကြားထဲမှာဖြစ်နေတယ်။ဟုတ်
ကဲ့ ဘယ်ကနေစဖြစ်တာလဲဆိုတာ သိတယ်ခင်ဗျ။ စဖြစ်တာက
မနက်ပိုင်း (၁၀)နာရီလောက်မှာဖြစ်တာ။
ဥက္ကံအနီးရွာတစ်ရွာက
မွတ်စလင်မ်အမျိုးသမီးတစ်ဦးက ဈေးသွားရင်း ကိုရင်လေးနဲ့ ၀င်တိုက်မိတယ်။
ကိုရင်
လေးရဲ့ သပိတ်က မှောက်သွားတယ်။ သပိတ်ထဲက ထမင်းတွေလည်း မှောက်ကုန်တယ်။
အဲဒါကို တမင်တ
ကာလုပ်တယ်ဆိုပြီးပြောတယ်။ အဲဒါ ရဲစခန်းမှာ
သွားပြီးရှင်းကြတယ်။သပိတ်နဲ့ဆွမ်းကို ပြန်ပြီး ဝယ်ပေးတယ်
လို့ပြောတယ်။အဲလို ရှင်းနေတုံးပဲလူတွေစုပြီး ရောက်လာကြတာ။ စဖြစ်တာက
မနက်ပိုင်းကစဖြစ်ပြီး တခဏ
ချင်းမှာပဲ လူစုကြီးဖြစ်သွားတာ။"
"ကျွန်တော် အခု အိမ်ကနေ ထွက်ပြေးနေကြတယ်။ အသိ ဗုဒ္ဓဘာသာမိတ်ဆွေ
အိမ်တစ်အိမ်မှာ အခု ပုန်းနေ
ပါတယ်။ မိတ်ဆွေ ဗုဒ္ဓဘာသာအိမ်ကပြောတယ်။ ဒါက
တမင်သက်သက် အဖျက်သမားတွေက လုပ်ကြတာ။ ခင်ဗျားအပြင်မထွက်ပါနဲ့။ လုံးဝ
မထွက်ပါနဲ့ဆိုပြီး ကျွန်တော့်ကို အိမ်ထဲမှာပဲ ပုန်းခိုင်းထားတယ်။
သူတို့ပြော
တာတော့ ဗလီ(၂)လုံးကို ဖျက်လိုက်ပြီ။ ဗလီတွေက ဈေးဗလီနဲ့
လမ်းချိုးဗလီပါ။ ဥက္ကံမှာက ဒီဗလီ ၂-လုံးပဲ ရှိ
တာပါ။ မွတ်စလင်မ်ဆိုင်တွေ
အိမ်တွေတော်တော်များများကိုဖျက် လိုက်ပြီ။"လို့ ဥက္ကံမြို့ရဲ့ လတ်တလော
အခြေအနေများအား M-Media ကို ပြောပြလာပါတယ်။
အခင်းစတင်ဖြစ်ပွားသည့်အခြေအနေမှာသာမန်မတော်တဆ ထိခိုက်မှုဖြစ်သော်လည်းယင်းဖြစ်ရပ်ကိုအခြေ
ခံပြီး
အကြမ်းဖက်မှုဖြစ်ပွားအောင် စတင်ခဲ့ခြင်းဖြစ်ပြီး တရားဥပဒေအရ အရေးယူရန်
ရဲစခန်းတွင် အမှုဖွင့်
သော်လည်း တရားဥပဒေအရ ထိန်းသိမ်းနိုင်စွမ်းမရှိပဲ
အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်းသိ ရသည်။
နောက်ဆုံးရရှိသော သတင်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ
သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်သမား
များကို ဟန့်တားခဲ့ကြကြောင်း
သတင်းရရှိပါသည်။
ဥက္ကံ ။ ။ ဥက္ကံမြို့ရှိ ဗလီ၊စာသင်ကျောင်းနှင့်မွတ်စလင်မ်အိမ်များ၊ ဆိုင်ခန်းများကိုယနေ့ နေ့လည်၁နာရီခန့်က
"ရဲတွေ စစ်တပ်တွေတော့ရှိနေတယ်။ သူတို့လည်း ဘာမှ လုပ်လို့မရဘူးဗျ။ တောကနေ လူတွေအများကြီး
"ကျွန်တော် အခု အိမ်ကနေ ထွက်ပြေးနေကြတယ်။ အသိ ဗုဒ္ဓဘာသာမိတ်ဆွေ အိမ်တစ်အိမ်မှာ အခု ပုန်းနေ
အခင်းစတင်ဖြစ်ပွားသည့်အခြေအနေမှ
နောက်ဆုံးရရှိသော သတင်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်သမား
No comments:
Post a Comment