
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့
ဖိတ်ကြားချက်အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး
သွားရောက်မယ်လို့ ပြောပါတယ်။ တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့
RNDP နဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က
ရခိုင်ပြည်
နယ်ကနေ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကို
ဖြတ်သန်းတည်ဆောက်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝ
ဓါတ်ငွေ့ပိုက်လိုင်းကိစ္စကို
ဆွေးနွေးသွားမယ်လို့ RNDP ပါတီရဲ့ဥက္ကဌ ဒေါက်တာအေးမောင်က RFA ကို
ပြောပါတယ်။ ဒါ့အပြင် အဲဒီဆွေးနွေးမယ့်အထဲမှာ ပိုက်လိုင်းတလျှောက်မှာ
သိမ်းဆည်းခံထားရတဲ့ လယ်
ယာမြေ လျော်ကြေးတွေပေးဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဒေါက်တာအေးမောင်က ပြော
ပါတယ်။
ခရီးစဉ်မှာပါဝင်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသား
ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင်တိုင်းရင်းသား
များ တိုးတက်ရေးပါတီ(RNDP)၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
ပါတီ
(USDP)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့ ဖြစ်ပါတယ်။
RFA Burmese , Rangonnewsdaily
RND:19.4.2013

RND:19.4.2013
No comments:
Post a Comment