Pages

Pages - Menu

Monday, April 1, 2013

မော်တော်ယာဉ် ရပ်နားခများ ယနေ့ ဧပြီ ၁ ရက်နေ့မှ စတင်၍ ကောက်ခံတော့မည် မဟုတ်

Monday, April 1, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင်မော်တော်ယာဉ် ရပ်နားခ ကောက်ခံနေခြင်းများအား ဧပြီ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ “ယာဉ်ရပ်နား ကန့်သတ်ဇုန်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ယာဉ်စောင့်လုပ်ငန်းအဖြစ် ကောက်ခံခြင်းနဲ့ ကိုယ်ပိုင်ယာဉ် ရပ်နားနေရာများအဖြစ် ရယူထားခြင်းတို့ကို အားလုံး ဖျက်သိမ်းပြီး အများပြည်သူ မည်သူမဆို အခမဲ့ ယာဉ်ရပ်နားရန် နေရာတွေအဖြစ် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဌာနမှ ဦးတိုးအောင် က မဇ္ဈိမကို ပြောသည်။

ထိုသို့ ခွင့်ပြုလိုက်ခြင်းကြောင့် ရန်ကုန်မြို့၏ အဓိက အခက်အခဲကြီးတခုဖြစ်သည့် ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေနိုင်ပြီး စည်းကမ်းရှိဖို့လိုအပ်ကြောင်း “အများပြည်သူ မည်သူမဆို အခမဲ့ ယာဉ်ရပ်နားနိုင်တော့မယ် ဆိုတော့ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကြပ်တည်းတာတွေကို နည်းလမ်းတခုအနေနဲ့ ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ 
တခုပဲရှိတယ် အခမဲ့ ရပ်ရတယ်ဆိုပြီး စည်းမရှိ ကမ်းမရှိ ကိုးလို့ကန့်လန့်တွေ ရပ်နားပြီး အများပြည်သူအတွက် အနှောင့်အယှက် မဖြစ်စေဖို့တော့ လိုပါတယ်” ဟု အငြိမ်းစား စည်ပင် အရာရှိတဦးဖြစ်သူ ဦးသန်းမြင့် က သတိပေး ပြောကြားသည်။

ခင်မျိုးသွယ် မဇ္ဈိမ
Rangonnewsdaily
RND:1.4.2013

 

No comments:

Post a Comment