ကျပ်(၁၅၀၀)တန်၊တန်ဖိုးနည်းဖုန်း ဆင်းကတ်များသည် 800MHz ဟန်းဆက်တိုင်းတွင် ထည့်သွင်း အသုံးပြု လို့ရသည်ဆိုသော်လည်း ဈေးပေါသည့်တရုတ်ဟန်းဆက်များတွင် ကတ်မဖတ်ခြင်းများရှိနေပြီးအမြင့် ဟန်း ဆက်အချို့မှာလည်းချက်ချင်းထည့်ပြီး အသုံးပြုလို့ မရခြင်း များ ရှိနြေေ ကာင်း သိရသည်။Today's Mobil မှမန်နေးဂျင်းဒါရိုက်တာဦးနေလင်းထွန်းက တန်ဖိုးနည်း ဟန်းဆက် များတွင် Key pad ဆမ်ဆောင်း 339 သည်ဆော့ဖ်ဝဲ ပိုင်းပြန်လည်ပြုပြင်ပြီးမှအသုံးပြုနိုင် မည်ဖြစ်ပြီး တန်ဖိုးအရမ်းနည်းပြီးအရည် အသွေးနိမ့် လွန်းသည့် ဟန်းဆက်များတွင် အသုံးပြုရန် အဆင် မပြေကြောင်း၊Tablet များနှင့်လည်းလိုင်း အတက် အကျများ ဖြစ်တတ်ကြောင်း၊
ထို့ကြောင့် ကျပ်(၁၅၀၀) ဖုန်းဝယ်ယူသူများအနြေ ဖင့် ဟန်း ဆက်ကိုကြို တင်ဝယ် ယူမထားသင့်ဘဲ ကိုယ့်လက်ထဲကို ကတ်ရောက် မှသာ ဟန်းဆက် ဆိုင် တွင် သေချာ ထည့်သွင်း စမ်းသပ်ပြီးမှဝယ် ယူသင့် ကြောင်း အကြံပြုပြော ကြားပါသည်။
လတ်တလော မြို့နယ်အတော်များများတွင် ကျပ်(၁၅၀၀) တန်ဖုန်းဆင်းကတ် ကို မဲနှိုက် ၀ယ်ယူရသည့်
အပေါ်အငြင်းပွားမှု၊ မပြေလည်မှုပြဿနာ များ ရှိနေကြောင်း ကြားသိနေ ရပြီးဖုန်း
ဝယ်ယူ လိုသူ များပြားသည့်အတွက်ပြင်ပပေါက်ဈေးသည်လည်း နယ်မြေဒေသပေါ်
မူတည်ပြီး မူရင်း ဈေးထက် အဆပေါင်းများစွာမြင့်တက် နေကြောင်း သိရသည်။
SkyNet TV Browser, Rangonnewsdaily
RND: :27.4.2013

No comments:
Post a Comment