တွံတေးတူးမြောင်းတွင် သင်္ဘောနှစ်မြုပ်၍ မိသားစုသုံးဦး ပျောက်ဆုံး
ဧပြီ ၁၃ ရက် ၂၀၁၃
တွံတေးမြို့ တွံတေးတူးမြောင်း ဇီးဖြူကုန်း ရေတံခါးအနီးတွင်
သင်္ဘောနှစ်မြုပ်၍ ၁၃ နှစ်အရွယ် ကလေးငယ်းတစ်အပါအ၀င် စုစုပေါင်း ၃
ဦးပျောက်ဆုံးနေကြောင်း သိရသည်။သင်္ဘော နှစ်မြုပ်ရာတွင် သင်္ဘောပေါ်၌ လူ(၈)ဦးပါရှိကြောင်းနှင့်
ပျောက်နေသူသုံးဦးမှာ ဦးချက်ဖောင်၊ ဒေါ်လှစိုး နှင့်
မပိုပိုတို့ဖြစ်ကြောင်း တွံတေးမြို့ ရဲစခန်းမှ သိရသည်။
“ရေစီးသန်တဲ့နေရာမှာ သင်္ဘောကို တွန်းထုတ်လိုက်တော့ မျောပြီး
ရပ်ထားတဲ့သင်္ဘောကို တိုက်ပြီးမြုပ်သွားတာ။ ဖြစ်တာက ၉ နာရီခွဲမှာ
သင်္ဘောမြုပ်တာပါ။ စခန်းကို အကြောင်းကြားတာက ၂နာရီ ၄၅လောက်မှ သိရတာ”ဟု
အမှုစစ်အရာရှိ ဒုရဲအုပ် မြသန်းက ပြောကြားသည်။
<p>အသက်၂၇နှစ်အရွယ် သင်္ဘောမောင်းနှင်သူကို ရဲစခန်းမှ ၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
ဲမြန်မာ့ခေတ်
Rangonnewsdaily
RND:13.4.2013
No comments:
Post a Comment