Pages

Pages - Menu

Monday, April 1, 2013

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗကသ အဖွဲ့ ကချင်ဒုက္ခသည်တွေကိုကူညီ

2013-03-31

နယ်စပ်ဒေသရောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ယောက်ဟာ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်စခန်းတွေကို စနေနေ့ မနေ့က အကူအညီတွေ သွားရောက် ပေးအပ်ခဲ့ပါတယ်။ မတ်လ ကုန်ပိုင်းကမှာစတင်ပြီး တရုတ်မြန်မာနယ်စပ် ကိုရောက်ရှိနေတဲ့ ဗကသ ကျောင်းသား အဖွဲ့ဝင်တွေဟာ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီခဲ့သလို ကျောင်းတက်ခွင့် မရတဲ့ ကေအိုင်အို ဒေသအတွင်းရှိ ကျောင်းသူကျောင်းသားတွေအရေးနဲ့ ပတ်သက်ပြီး လေ့လာဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ရဲ့ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို ပြောပါတယ်။

" ခုဆိုရင် မန်ဝိန်ကြီးကျေးရွာက ဖာသာခါးလီ စောင့်ရှောက်ထားတဲ့ အိုင်ဒီပီ ကမ့်တွေပေါ့ အဲဒီ ဘေးပတ်ဝန်းကျင် ရွာက အများကြီးပဲလာတာဆိုတော့ အားလုံးပေါင်း အယောက် ၃၀၀၀ ကျော်လောက် ရှိတယ်၊ အဲဒါ ကျနော်တို့ အ၀တ်ထုတ် ၃ ပေ ၄ ပေရှိတဲ့ ဆာလာအိတ်တွေနဲ့ အထုတ်ပေါင်း ၅၀ ကျော် လှူဒါန်းခဲ့တယ် နောက် အလှူငွေ ၃သိန်းလှူဒါန်းခဲ့တယ်၊
 ကေအိုင်အေ လက်အောက်မှာရှိတဲ့ အိုင်ဒီပီ စခန်းတွေကိုတော့ ကျနော်တို့ တစ်စခန်းကို အလှူငွေ ၃ သိန်းလှူဒါန်းခဲ့တယ်၊ နောက် ကချင်ကျောင်းသားတွေ ပြည်မက ဘယ်ကျောင်းမှ တက်ခွင့်မရတဲ့ အသိအမှတ်ပြုမခံရတဲ့ ကျောင်းသားတွေ ရှိတယ် အဲဒါကို ကျနော်တို့က ရန်ကုန်ပြန်ရောက်ရင် ပရက်စ် လုပ်မယ် နောက် အစိုးရကို ဖိအားပေးဖို့အတွက် သတင်းမီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်မယ်"

သူတို့အဖွဲ့ဟာ လိုင်ဇာအနီးရှိ ဂျယ်ယန်၊ ဖုံလုံယန်နဲ့ ဝယ်ကြိုင် ဒုက္ခသည်စခန်းတွေကို သွားရောက် ကူညီခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့အကူအညီပေးခဲ့တဲ့ အဝတ်အစားနဲ့ ငွေကြေးတွေဟာ ရန်ကုန်မြို့မှာ အလှူခံ ရရှိခဲ့တာတွေ ဖြစ်ကြောင်းလည်း ကိုမင်းသွေးသစ်က ပြောပါတယ်။

" ကျနော်တို့ ဗကသ အဖွဲ့ချုပ်က ရန်ကုန်တောင်ပိုင်းခရိုင်က ဗကသတွေ နောက် တခြားသမဂ္ဂတွေ ရောပေါင်းပြီး ရန်ကုန်ရဲ့ မြိုံနယ်လမ်းတွေမှာ ထွက်ပြီးတော့ လက်ကိုင်စပီကာတွေနဲ့ အော်ပြီးတော့ ကျနော်တို့ ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက်ကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ အ၀တ်အထည်တွေ အလှူငွေတွေ ဆေးဝါးတွေ လှူဒါန်းလို့ရပါတယ်ဆိုပြီးတော့ ကျနော်တို့ကျောင်းသားတွေ လမ်းပေါ်မှာပဲ အလှူခံတယ်၊ နောက်တစ်ချက်က ပီးခဲ့တဲ့ ၆ လပိုင်းက ရန်ကုန်မှာရှိနေတဲ့ ရှော့ပင်းစင်တာတွေမှာ စစ်ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေး သီချင်းတွေ ဆိုပြီးတော့ အလှူခံထွက်တယ် ရလာတဲ့အလှူငွေတွေကို ပထမဆုံးအနေနဲ့ ဗန်းမော်ခရိုင် ကျောင်းသားသမဂ္ဂနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ အလှူငွေလွှဲလိုက်တယ်၊ ဒီတစ်ခေါက်က ကျနော်တို့ ကိုယ်တိုင်လာတဲ့ ရည်ရွယ်ချက်က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်လဲ ပါတယ်"

ဗကသ အဖွဲ့ဝင်တွေဟာ ကူညီရေးအစီအစဉ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မနေ့ကညနေမှာ မူဆယ်မြို့ကနေ မန္တလေးကို ပြန်သွားကြပါပြီ၊ ဒီခရီးစဉ်အတွေ့အကြုံနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိတဲ့အခါ သတင်းစာ ရှင်းလင်းပွဲပြုလုပ်မယ်လို့လဲ ဆိုပါတယ်။
RFA(Burmese), Rangonnewsdaily
RND:1.4.2013

No comments:

Post a Comment