Pages

Pages - Menu

Tuesday, March 19, 2013

'Vninra Iravl' အမည်ရှိ အိန္ဒိယရုပ်ရှင်ကား မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကှုး

အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို မလေးရှားနိုင်ငံမှ ဒါရိုက်တာ၊ ကင်မရာမင်းနှင့် မင်းသား၊ မင်းသမီးတို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရိုက်ကူးခဲ့ကြောင်း သိရသည်။ ''မလေးရှားနိုင်ငံမှာ အခြေစိုက်ပြီး အိန္ဒိယ ဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်တဲ့ Shinning Star ရုပ်ရှင်ကုမ္ပဏီက ပရိုဂျူဆာနဲ့ ကျွန်တော် ချိတ်ဆက်မိပြီး သူက မြန်မာနိုင်ငံမှာ ဇာတ်ကားတွေ လာရိုက်ဖို့ စိတ်ဝင်စားတဲ့အတွက် ရှုခင်းနေရာတွေကို သူ့ဆီက ဒါရိုက်တာတစ်ယောက်၊ ကင်မရာမင်းတစ်ယောက်နဲ့အတူ ဖော်ဝါရီလဆန်းပိုင်းလောက်က လာတယ်။ ရှုခင်းကြည့်ဖို့ကို ၁ဝ ရက်လောက် အချိန်ယူထားတော့ ကျွန်တော်က အဲဒီရက်တွေမှာ ဇာတ်လမ်းတစ်ခုလောက် အစမ်းရိုက်ဖို့ ပြောတာကို လက်ခံပြီး မလေးက အလတ်တန်း မင်းသား၊ မင်းသမီးနှစ်ယောက်ခေါ်ပြီး ရန်ကုန်နဲ့ အနီးပတ်ဝန်းကျင်တွေမှာ ဇာတ်လမ်းတစ်ခု ရိုက်သွားတာပါ။ သူတို့ မလေးကို ပြန်သွားပြီးတော့မှ အဲဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ဖြန့်မယ်လို့ သိရတယ်။
မန်မာနိုင်ငံကဇာတ်ပို့ဇာတ်ရံတွေတ်ာတော်များများအဲဒီမှာ ပါဝင်သရုပ်ဆောင်ထားတယ်။ မြန်မာဒါရိုက်တာနဲ့ အနုပညာရှင်တွေ ရိုက်ကူးမယ့် ရုပ်ရှင်ကားတစ်ကားမှာ အဲဒီကုမ္ပဏီက ကင်မရာ၊ မီးနဲ့ အသံပိုင်းဆိုင်ရာ အတတ်ပညာရှင်တွေပါ ဝင်ပူးပေါင်းဖို့ စီစဉ်ထားတာလည်း ရှိပါတယ်'' ဟု အဆိုပါ ရိုက်ကူးမှုများကို စီစဉ်ချိတ်ဆက် ဆောင်ရွက်ပေးသူ ရှုတင်မန်နေဂျာ ကိုဆာမိက ဆိုပါသည်။

'Vninra Iravl' ဟု အမည်ပေးထားသည့် ယင်းရုပ်ရှင်ကို အိန္ဒိယ တမ္မီလ်ဘာသာစကားဖြင့် ရိုက်ကူးထားပြီး မြန်မာစကားပြော ဇာတ်ဝင်ခန်းအချို့လည်း ပါဝင်မည်ဖြစ်သည်။ ယင်းဇာတ်ကားကို Shinning Star Flim Co., မှ ဒါရိုက်တာ R-Perakas က Mangen နှင့် Sangthaer တို့၏ အဓိကသရုပ်ဆောင်မှုဖြင့် မလေးရှား၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့တွင် ရိုက်ကူးထားခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ရိုက်ကူးရာတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ မဟာဝိဇယဘုရား၊ ကရဝိတ်၊ ဗိုလ်ချုပ်ပန်းခြံရှေ့၊ သန်လျင်နှင့် ကျောက်တန်း၊ မင်္ဂလာဒုံရှိ ကျိုက္ကလို့ ကျိုက္ကလော့ ဘုရားပွဲတော်တို့နှင့် ပုပ္ပါးဒေသတို့တွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် နော်ဝေနိုင်ငံတို့တွင် ဖြန့်ချိသွားမည့်အပြင် မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားရုပ်ရှင်အဖြစ် တင်သွင်းပြသရန် စီစဉ်ထားကြောင်း ကိုဆာမိက ဆိုပါသည်။
Rangonnewsdaily
RND:  :19.3.2013

No comments:

Post a Comment