Pages

Pages - Menu

Wednesday, March 27, 2013

ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး မသကာင်္သူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများမှ သတင်းထုတ်ပြန်

အုတ်ဖိုမြို့ မှ နောက်ဆုံးရ အပျက်အစီး ဓာတ်ပုံများ

ဓာတ်ပုံများကို အကြမ်းဖက်မှူအား မလိုလားပဲ အမှန်တရားကို အမြန်ဆုံးပေါ်ပေါက်စေချင်ပြီး တည်ငြိမ်အေးချမ်းမှူကိုလိုလားသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ် ဒေသခံတစ်ဦးမှ ပေးပို့လားခြင်းဖြစ်ပါသည်။

အမြို့မြို့ အနယ်နယ်ရှိမိတ်ဆွေများအနေဖြင့် အမှန်တရားကို လိုလားပြီး ဖြစ်စဉ်အမှန် များကိုပေါ်ပေါက်စေလိုသော် ကျွန်တော်အား မက်စေ့ဘောက်မှ သော်လည်းကောင်း၊ mgatee87@gmail.com သို့ သတင်းများ၊ ဓာတ်ပုံများကို အချိန်၊ နေရာ အားဖော်ပြ၍ ပေးပို့နိုင်ပါသည်။
ကျွန်တော်တို့ ၏ မြန်မာနိုင်ငံအတွင်း ဖြစ်ပွါးနေသော ဝမ်းနည်းဖွယ် ဖြစ်ရပ်များအား အမြန်ဆုံး ရပ်တန့်စေလိုပြီးအမှန်တရားကို ချစ်မြတ်နိုးသော မိတ်ဆွေများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါတယ်ခင်မျာ။
အုတ်ဖိုမြို့ မှ နောက်ဆုံးရ အပျက်အစီး ဓာတ်ပုံများ
ဓာတ်ပုံများကို အကြမ်းဖက်မှူအား မလိုလားပဲ အမှန်တရားကို အမြန်ဆုံးပေါ်ပေါက်စေချင်ပြီး တည်ငြိမ်အေး
ချမ်းမှူကိုလိုလားသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ် ဒေသခံတစ်ဦးမှ ပေးပို့လားခြင်းဖြစ်ပါသည်။ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး မသင်္ကာသူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း မတ်လ ၂၇ ရက် ည ၈ နာရီ၌ နိုင်ငံပိုင် မီဒီယာများမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားသော မြို့ငါးမြို့မှာ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ ဇီးကုန်းနှင့် နတ်တလင်းမြို့တို့ဖြစ်ကြောင်း သိရပြီး ဆူပူအကြမ်းဖက် လိုသူများက ဘာသာရေး အဆောက်အအုံများအား၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လူနေအိမ်များအား ဖျက်ဆီးခြင်း၊ ဈေးဆိုင်များအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် နတ်တလင်းမြို့နယ်၌ မတ်လ ၂၆ ရက်ညပိုင်းက စတင်ပြီး လူအုပ်စုများက ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခြင်း၊ ဈေးဆိုင်များ ဖျက်ဆီးခြင်း၊ နေအိမ်အား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် နေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်း၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီးခဲ့ကြောင်း၊ ယနေ့ညနေ ငါးနာရီ၌ နတ်တလင်းမြိ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းတို့ ပါဝင်သည်။

အလားတူ သဲကုန်းမြို့နယ်၊ အင်းမကျေးရွာ အုပ်စုတွင်လည်း မတ်လ ၂၇ ရက် မနက်ပိုင်းက လူအုပ်စုတစ်စုမှ ဘာသာရေး အဆောက်အအုံတစ်ခုအား လေးခွများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြသဖြင့် သဲကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း၊ ယခုအခါ လုံခြုံရေး ဆောင်ရွက်ထားရှိမှုကြောင့် ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားကြောင်း ဖော်ပြပါရှိသည်။

ဇီးကုန်းမြို့နယ်တွင်လည်း မတ်လ ၂၇ ရက် မနက်ပိုင်းက လူအုပ်စုဖြင့် လူနေအိမ်များအား ခဲဖြင့်ပစ်ပေါက်ခြင်း၊ ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် လူနေအိမ် ၁၄ လုံး၊ ဘာသာရေး အဆောက်အအုံ တစ်လုံးတို့ ပျက်ဆီးခဲ့ကြောင်း၊ ဇီးကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် လူ ၁၀ ဦးအား ခေါ်ယူထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်းနှင့် ယနေ့ညနေတွင် ဇီးကုန်းမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းတို့ ဖော်ပြပါရှိခဲ့သည်။

Eleven Media Group,Rangonnewsdaily
Kolatt(PBDN):27.3.2013

No comments:

Post a Comment