Pages

Pages - Menu

Saturday, March 30, 2013

ရလလဖရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်

ရလလဖရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ထုတ်ပြန်ချက် 
Saturday,March 30, 2013

မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်

၁။ မြန်မာ့တပ်မတော်သည် ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်ဂျပန်ကို တော်
လှန်သည့်ဖြစ်စဉ်တွင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဖြင့် စတင် သန္ဓေတည် မွေး
ဖွားခဲ့ခြင်းကို ဂုဏ်ယူပါသည်။

၂။    သို့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစစ်ကို တိုက်ပွဲဆင်ခဲ့သည်မှာ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်သည့်အတွက် စိတ်မကောင်းမိပါ။

၃။ တိုင်းသူပြည်သားများ စိတ်မကောင်းသည့်အထဲက မြန်မာနိုင်ငံကို ကျူးကျော် ၀င်ရောက်လာသော တရုတ်ဖြူ ကူမင်တန်တပ်များကို ရှမ်းပြည်မှ တိုက်ထုတ်နိုင်ခဲ့သည့်အတွက် တပ်မတော်၏ ဂုဏ်သိက္ခာကို တစ်စုံတစ်ရာ အဖတ်ဆယ်နိုင်ခဲ့သည်။

၎။    အစိုးရအဆက်ဆက်သည် တပ်မတော်ကို
(က)     နိုင်ငံခြားနယ်ချဲ့အန္တရာယ်မှ တိုင်းပြည်ကို ကာကွယ်သော တာဝန်
ရှိခြင်းထက် ပြည်တွင်းလုံခြုံရေး ကို ပြည်တွင်းစစ်ဖြင့် တိုက်ခိုက်စေသည်မှာ အမှားဖြစ်သည်။

(ခ)    အကြောင်းမှာ တပ်မတော်သည် ပြည်တွင်းစစ်ကို တိုက်ခြင်းအားဖြင့် အမျိုးသားလက္ခဏာနှင့် အမျိုးသားသိက္ခာတို့ကို နိမ့်ကျစေခဲ့သည်။

၅။ လောလောဆယ်အခြေအနေတွင် တပ်မတော်စစ်ဗိုလ်ထွက်
တို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်
ကိုယ်စားလှယ်များ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော် တွင် အဆိုတင်သွင်းခြင်းနှင့် ထောက်ခံခြင်းတို့သည် အလွန့်အလွန် ကောင်းမွန်သောလက္ခဏာဖြစ်သည်။

၆။     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စား
လှယ်များ အဆိုပြုခဲ့ပြီး ထောက်ခံခဲ့ သော(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဆင်ရေး
ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတစ်ဦးတစ်ယောက် မှ ကန့်ကွက်ခြင်းမရှိသည်မှာ တိုင်းပြည်နှင့်အမျိုးသားအပေါ် သစ္စာရှိကြောင်း ယူဆပါသည်။

၇။    တပ်မတော်အပါအ၀င် ပြည်သူများနှင့် တိုင်းရင်းသားပေါင်းစုံတို့သည် ဒီမိုကရေစီပြည့်ဝပြီး ထာဝရငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်
ထောင်စု အနာဂါတ်မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းသစ်ကိုလက်တွဲတည်ဆောက်
ကြမည်ကို ယုံကြည်စိတ်ချရပါသည်။

ဗဟိုကော်မတီ   
ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ 

ဧရာဝတီ

Saturday,March 30, 2013

မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်

၁။ မြန်မာ့တပ်မတော်သည် ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်ဂျပန်ကို တော်လှန်သည့်ဖြစ်စဉ်တွင် နယ်ချဲ့
ဆန့်ကျင်ရေးတိုက်ပွဲဖြင့် စတင် သန္ဓေတည် မွေးဖွားခဲ့ခြင်းကို ဂုဏ်ယူပါသည်။

၂။ သို့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစစ်ကို တိုက်ပွဲဆင်ခဲ့သည်မှာ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်
သည့်အတွက် စိတ်မကောင်းမိပါ။ ၃။ တိုင်းသူပြည်သားများစိတ်မကောင်းသည့်အထဲက မြန်မာနိုင်ငံကိုကျူးကျော်ဝင်ရောက်လာသော တရုတ်
ဖြူ ကူမင်တန်တပ်များကို ရှမ်းပြည်မှ တိုက်ထုတ်နိုင်ခဲ့သည့်အတွက် တပ်မတော်၏ ဂုဏ်သိက္ခာကို တစ်စုံ
တစ်ရာ အဖတ်ဆယ်နိုင်ခဲ့သည်။

၎။ အစိုးရအဆက်ဆက်သည် တပ်မတော်ကို(က) နိုင်ငံခြားနယ်ချဲ့အန္တရာယ်မှ တိုင်းပြည်ကို ကာကွယ်သော 
တာဝန်ရှိခြင်းထက် ပြည်တွင်းလုံခြုံရေး ကို ပြည်တွင်းစစ်ဖြင့် တိုက်ခိုက်စေသည်မှာ အမှားဖြစ်သည်။

(ခ) အကြောင်းမှာ တပ်မတော်သည် ပြည်တွင်းစစ်ကို တိုက်ခြင်းအားဖြင့် အမျိုးသားလက္ခဏာနှင့် အမျိုးသား
သိက္ခာတို့ကို နိမ့်ကျစေခဲ့သည်။

၅။ လောလောဆယ်အခြေအနေတွင် တပ်မတော်စစ်ဗိုလ်ထွက်တို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
ပါတီ လွှတ်တော်ကိုယ်စားလှယ်များ (၂၀၀၈)ဖွဲ့စည်းပုံအခြေဥပဒေကို ပြင်ဆင်ရန် လွှတ်တော် တွင် အဆို
တင်သွင်းခြင်းနှင့် ထောက်ခံခြင်းတို့သည် အလွန့်အလွန် ကောင်းမွန်သောလက္ခဏာဖြစ်သည်။

၆။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များအဆိုပြုခဲ့ပြီး ထောက်ခံခဲ့ သော
(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတစ်ဦးတစ်ယောက် မှ ကန့်
ကွက်ခြင်းမရှိသည်မှာ တိုင်းပြည်နှင့်အမျိုးသားအပေါ် သစ္စာရှိကြောင်း ယူဆပါသည်။

၇။ တပ်မတော်အပါအ၀င် ပြည်သူများနှင့် တိုင်းရင်းသားပေါင်းစုံတို့သည် ဒီမိုကရေစီပြည့်ဝပြီး ထာဝရငြိမ်း
ချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စု အနာဂါတ်မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းသစ်ကိုလက်
တွဲတည်ဆောက်ကြမည်ကို ယုံကြည်စိတ်ချရပါသည်။

ဗဟိုကော်မတီ
ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့

ဧရာဝတီ, Rangonnewsdaily
Kolatt(PBDN):30.3.2013

No comments:

Post a Comment