Pages

Pages - Menu

Wednesday, March 20, 2013

တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက်ခံပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်ကိုတာင်းပန်ထောက်ခံပွဲတစ်ခုတုံကျေးရွာတွင်မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်
ဒေသခံများထံမှသတင်းရရှိသည်။မတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ်စခန်းသို့လာရောက်စဉ်ကြမ်းတမ်းစွာပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာနာမည်ပျက်
မည်ကို စိုးရိမ်သဖြင့်ပြုလုပ်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“မကြာမီ နှစ်ရက်၊ သုံးရက်အတွင်းလုပ်ဖို့ စီစဉ်နေတယ်။ လူနည်းစုတစ်စုကြောင့် နာမည်ပျက်မှာစိုးလို့ပါ” ဟု တုံရွာဒေသခံတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာထွက်ရှိပြီးနောက် ယင်းစီမံကိန်း
ဒေသသို့ သွားရောက်ခဲ့သော နှစ်ရက်ကြာ ခရီးစဉ်တွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းချက်များကို ဒေသခံကျေးရွာအများစုက သဘောတူကျေနပ်ကြသော်လည်း တုံရွာနှင့် ဆည်တည်းရွာဟောင်းတို့၌ ကန့်ကွက်ဆန္ဒပြမှုများ၊ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် လိပ်ခွံတောင်၊ တုံကျေးရွာများတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများကိုလည်း မတ်လ ၁၆ ရက်မှ စတင်၍ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

“အမေစု လာတုန်းက ပြောသွားတယ်။ ဆန္ဒပြချင်ရင် ခွင့်ပြုချက်တောင်းပြီး ပြပါလို့။ အခု ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ ဖျက်သိမ်းလိုက်တာ” ဟု တုံကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်ရယူရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြုချက်မပေးဘူးတဲ့။ ဘယ်တုန်းကတောင်းလဲဆိုတော့ နောက်ဆုံးပြီးခဲ့တဲ့ ဆယ်လပိုင်းကတဲ့။ အခု အာဏာပိုင်တွေနဲ့ ပြောတော့ပေးပါမယ်လို့ ပြောတယ်။ ခွင့်ပြုချက်ယူပြီးတော့ ပြပါ။ ခွင့်ပြုချက်မယူလို့ရှိရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာကို မတ် ၁၁ ရက်တွင် သမ္မတထံ တင်သွင်းခဲ့ပြီး အားနည်းချက်များကိုပြင်ဆင်၍ ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
 
7days News:
Rangonnewsdaily
RND:  :20.3.2013 

No comments:

Post a Comment