Pages

Pages - Menu

Monday, March 11, 2013

ဆယ်အိမ်ခေါင်း က ပါးရိုက် ၊ ခြေနဲ့ ကန် ကာ အနိုင့်ကျင့်

မန္တလေး(၁၁-၃-၂၀၁၃)
ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကျေးရွာအုပ်စု၊ ကုန်းတန်းလေးကျေးရွာမှ ဆယ်အိမ်ခေါင်း ကိုကိုအောင်က ကိုသိန်းစောမင်းကို ပါးဘယ်ပြန်ညာပြန်ရိုက်၊ ရင်ဝကို ခြေနဲ့ကန်ကာ အနိုင်ကျင့်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကုန်းတန်းလေးကျေးရွာမှာ နေထိုင်သူတစ်ဦးဟာ ဆိုင်ကယ်ပျောက်မှုမှာ သံသယရှိသူတစ်ဦး အနေနဲ့ စွပ်စွဲခံထားရပါတယ်။အဲဒီ သံသယရှိသူအတွက် သက်သေအနေနဲ့ ကိုသိန်းစောမင်းက ထွက်ဆိုပေးဖို့ သွားချိန်မှာ ယခုလို အနိုင်ကျင့်ရိုက်နှက်ခံရတာ ဖြစ်ပါတယ်။ 
အဲဒီလို ရိုက်နှက်နေစဉ်အတွင်းမှာ ရဲတပ်ဖွဲ့နယ်ထိန်းခေါင်းဆောင်လည်း ရှိနေခဲ့ပြီး တားမြစ်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။
  
မန္တလေးခေတ်
Rangonnewsdaily
RND:  :11.3.2013

No comments:

Post a Comment