RND: :11.3.2013
အမေရိကန်နိုင်ငံ အပေါ် နျူကလီးယားလက်နက်ဖြင့်လက်ဦးမှုရယူတိုက်ခိုက်သွားမည် ဖြစ်ကြောင်း မြောက်
ကိုရီးယား နိုင်ငံက မတ်လ ၇ ရက်နေ့တွင် အခိုင်အမာ ပြောကြားခဲ့ ပါသည်။
မကြာသေးမီက ပြုလုပ် ခဲ့သော နျူကလီးယား စမ်းသပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေး အတွက် ကုလသမဂ္ဂ သံတမန်များ၏ မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ နာရီများ
စွာ အလိုတွင် မြောက်ကို ရီးယား၏ အထက်ပါ ခြိမ်းခြောက် ပြောကြားချက် ထွက်ပေါ် လာပါသည်။
အမေရိကန် နိုင်ငံသည် မြောက်ကိုရီးယားအပေါ် နျူကလီးယား စစ်ပွဲ စတင်ဆင်နွှဲရန် ကြိုးပမ်းလျက် ရှိသော
ကြောင့် မြောက်ကို ရီးယား အနေဖြင့် ကျူးကျော် ရန်လိုသူများ၏ အမာခံ နေရာများအား တိုက်ခိုက်ချေမှုန်း
ရန် အတွက် နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူတိုက်ခိုက်မှု အခွင့်အလမ်းအား အသုံးချသွားမည်
ဖြစ်ကြောင်း၊ မြောက်ကိုရီးယား ပြည်သူ ထောင်ပေါင်းများစွာသည် အမေရိကန်-တောင်ကိုရီးယား စစ်ရေး
လေ့ကျင့်ခန်း များနှင့် အရေးယူ ပိတ်ဆို့မှုများ အပေါ် ဆန့်ကျင်သည့် အနေဖြင့် ကန့်ကွက် ဆန္ဒပြမှု များအား ပြုံယမ်း မြို့တော်၌ မတ်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြ ပါသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးပျံ အစီအစဉ်များအား အဟန့်အတား ဖြစ်
စေရန် ကြိုးပမ်းမှု အဖြစ် မြောက်ကိုရီးယား အပေါ် စတုတ္ထ အကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုများ ချမှတ်
သွားရန် စီစဉ်ထားကြောင်း သိရှိရ ပါသည်။
မြ၀တီသတင်း
Rangonnewsdaily
No comments:
Post a Comment