Pages

Pages - Menu

Monday, March 18, 2013

လူ ၃ သုံးဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ တရားခံဖမ်းဆီးမိခြင်း မရှိသေးသည့် အတွက် ကာယကံရှင်မိသားစုကယနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်

ရန်ကုန်၊ မတ် ၁၈

မျက်နှာဖုံးခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၃ သုံးဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ တရားခံဖမ်းဆီးမိခြင်း မရှိသေးသည့် သာယာဝတီခရိုင်၊ ကံသာယာ ကျေးရွာအမှုကို ကာယကံရှင်မိသားစုက ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို 
ကျင်းပပြုလုပ်နေသည်။

အသတ်ခံရသူ ဦးဖိုးကြား၏ သားကြီးဖြစ်သူ ဦးညွန့်ဝင်းဦးက “တရားဥပဒေ စိုးမိုးရေး မရှိဘူးဖြစ်နေတယ်၊ လူသတ်မှုမပေါ်တဲ့အတွက် အခုလို အဖေ့ လိုမျိုးပဲ သတ်ခံရမှာကို စိုးရိမ်နေကြပါတယ်” ဟုပြောသည်။အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း အကြောင်းမထူး၍ မီဒီယာကို ခေါ်ယူ၍ ရှင်းလင်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

သေဆုံးခဲ့သူ ဦးဖိုးကြားမှာ အသက် ၆၁ နှစ်အရွယ် ရှိပြီး အင်းလေလံ ဆွဲသူ တစ်ယောက်ဖြစ်ကြောင်း ၎င်းထံမှ သိရကာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီတွင် ၎င်း၏ ဖခင်က ဇနီးဖြစ်သူနှင့် နေအိမ်၌ အတူ အိပ်ပျော်နေစဉ် မျက်နှာဖုံးခေါင်းစွပ်ဖြင့်လူ ၃ သုံးဦးက အိမ်ပေါ်တက်ကာ ဓားဖြင့် ခုတ်သတ်ခြင်း ဖြစ်သည်ဟု ဦးညွန့်ဝင်းဦးက  ထပ်လောင်းဆိုသည်။ 

အဆိုပါအမှုကို သာယာဝတီခရိုင်တရားရုံးက ကိုင်တွယ်နေပြီး ဇနီးဖြစ်သူ တရားလိုဒေါ်စိန်ဝင်းကြည်က  ၂၀၁၂ ခုနှစ်တွင် ပြစ်မှုကြီးအမှတ် ၁၃ ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂)အရ တရားစွဲဆိုထားသည်။

YN

ရန်ကုန်၊ မတ် ၁၈

မျက်နှာဖုံးခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၃ သုံးဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ တရားခံဖမ်းဆီးမိခြင်း မရှိသေးသည့် သာယာဝတီခရိုင်၊ ကံသာယာ ကျေးရွာအမှုကို ကာယကံရှင်မိသားစုက ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်နေသည်။
အသတ်ခံရသူ ဦးဖိုးကြား၏ သားကြီးဖြစ်သူ ဦးညွန့်ဝင်းဦးက “တရားဥပဒေ စိုးမိုးရေး မရှိဘူးဖြစ်နေတယ်၊ လူသတ်မှုမပေါ်တဲ့အတွက် အခုလို အဖေ့ လိုမျိုးပဲ သတ်ခံရမှာကို စိုးရိမ်နေကြပါတယ်” ဟုပြောသည်။အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း အကြောင်းမထူး၍ မီဒီယာကို ခေါ်ယူ၍ ရှင်းလင်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးခဲ့သူ ဦးဖိုးကြားမှာ အသက် ၆၁ နှစ်အရွယ် ရှိပြီး အင်းလေလံ ဆွဲသူ တစ်ယောက်ဖြစ်ကြောင်း ၎င်းထံမှ သိရကာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီတွင် ၎င်း၏ ဖခင်က ဇနီးဖြစ်သူနှင့် နေအိမ်၌ အတူ အိပ်ပျော်နေစဉ် မျက်နှာဖုံးခေါင်းစွပ်ဖြင့်လူ ၃ သုံးဦးက အိမ်ပေါ်တက်ကာ ဓားဖြင့် ခုတ်သတ်ခြင်း ဖြစ်သည်ဟု ဦးညွန့်ဝင်းဦးက ထပ်လောင်းဆိုသည်။

အဆိုပါအမှုကို သာယာဝတီခရိုင်တရားရုံးက ကိုင်တွယ်နေပြီး ဇနီးဖြစ်သူ တရားလိုဒေါ်စိန်ဝင်းကြည်က ၂၀၁၂ ခုနှစ်တွင် ပြစ်မှုကြီးအမှတ် ၁၃ ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂)အရ တရားစွဲဆိုထားသည်။

YN
Popular Myanmar NewsRangonnewsdaily
RND:  :18.3.2013

No comments:

Post a Comment