Pages

Pages - Menu

Sunday, March 24, 2013

ရွှေပေါ်ကျွန်းဘုရားပွဲတွင် မိုးပျံပူဖောင်းအတွက် ရောစပ်ရာမှ ဂက်(စ်)အိုးပေါက်ကွဲ၍ သေဆုံး

ကချင်- မတ် ၂၄
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျွန်းတော်ကျေးရွာ၊ ရွှေပေါ်ကျွန်းဘုရားပွဲ၌ ဇာတ်ရုံအနီး ဧရာဝတီမြစ်ကမ်းနံဘေး တွင်မတ်၂၃ရက်နေလည်က မိုးပျံပူးဖောင်းရောင်းချသူ နိုင်ကိုဇင်(၁၅)နှစ်သည်
မိုးပျံပူဖောင်း အတွင်း ဂက်(စ်)ထည့်ရန်အတွက် ဂက်(စ်)အိုးအတွင်း ဒန်စအမှုန့်များနှင့် ကော့စမစ်အမှုန့်တို့ ရောစပ် နေစဉ် ဂက်(စ်)အိုးပေါက်ကွဲပြီး
ဒဏ်ရာမျာ့း ရရှိခဲ့သဖြင့် ပွဲခင်းလုံခြုံရေးတာဝန်ကျ ရွှေကူရဲစခန်းမှတပ်ဖွဲ့ဝင်များက
ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နိုင်ကိုဇင်မှာ ရရှိသောဒဏ်ရာများဖြင့် ညနေ တွင် ဆေးရုံ၌သေဆုံးသွားခဲ့သည်။့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေကူရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၃)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။t
Popular Myanmar News;Rangonnewsdaily
RND:  :24.3.2013


No comments:

Post a Comment