Pages

Pages - Menu

Sunday, March 31, 2013

ဇီးကုန်း ၉၆၉ ဂိုဏ်း အကြမ်းဖက်မှုမှတ်တမ်းယူသူအား ရဲများက ၀ိုင်းရိုက်

SK မတ် ၃၁

ဇီးကုန်းမြို့ရှိအစ္စလာမ်ဘာသာဝင်
များအား ၉၆၉ ဂိုဏ်းသားများ ကအကြမ်းဖက်တိုက်ခိုက်မှုကို ဓါတ်ပုံမှတ်တမ်းယူနေသည့် ဇီးကုန်း အမှတ်(၃) ရပ်ကွက် NLD ဥက္ကဌ ဦးဇော်မင်းအား အကြမ်းဖက်မှုဖြစ်ပွားရာနေရာတွင်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သဖြင့် မျက်နှာနှင့် ခန္ဒာကိုယ်နေရာ အနှံ့ အပြားတွင်ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါမြို့မှ NLD အလုပ်အမှုဆောင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။ အခင်းဖြစ်တဲ့ နေရာကို သတင်းမှတ်တမ်းသွားယူတာမှာရဲက ရာဘာဒုတ်တွေနဲ့ ၀ိုင်းရိုက်တာပါ။အဲဒီ အချိန်
မှာ အကြမ်းဖက် တဲ့သူတွေကတခြားနေရာတွေမှာ သွားဖျက်နေတယ်။အဲဒါတွေကိုတော့ လုံးဝပာန့်တားမှုမ
ရှိပါဘူးပာု မြို့ခံNLD အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

NLD ဥက္ကဌ ဦးဇော်မင်းသည် ယခုလ ၂၇ ရက်နေ့က ဇီးကုန်းမြို့ ဈေးလမ်းတောင်ပိုင်း ရှိ အစ္စလာမ်ဘာသာ
ဝင် ပိုင် ရွေတံခွန် ဆေးဆိုင် အား ၉၆၉ ဂိုဏ်းသားများ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုကို ညနေ ၄ နာရီ အ
ချိန်တွင် ဓါတ်ပုံမှတ်တမ်းသွားရောက်ရယူရာမှ အထက်ပါ အတိုင်းရိုက်နှက်ခံရခြင်းဖြစ်ကြောင်းသိရသည်။
 
ဇီးကုန်းမြို့ရှိအစ္စလာမ်ဘာသာဝင်များကို၉၆၉ဂိုဏ်းသားများကအကြမ်းဖက်ဖျက်ဆီးမှုကြောင့်မြို့ခံအစ္စလာမ်
ဘာသာဝင်များပိုင် နေအိမ်၊ဈေးဆိုင် နှင့် အဆောက်အဦး စုစုပေါင်း ၄၀ ခန့်ဖျက်ဆီးခံခဲ့ရကြောင်းလည်းသိရသည်။
 
Myanmar Muslim.Net, Rangonnewsdaily
RND:31.3.2013 
 
 

No comments:

Post a Comment