Pages

Pages - Menu

Monday, March 18, 2013

တက္ကစီမီတာစနစ် မထသ စီစဉ်မည်

တက္ကစီမီတာစနစ် မထသ စီစဉ်မည်
ရန်ကုန် ၊ ၁၈-၃-၂၀၁၃

၂၀၁၃ ခုနှစ်တွင် ရာသက်ပန် အငှားယာဉ် လိုင်စင်ဖြစ်သည့် BB လာရောက် လျှောက်ထားသူမှာ ၂၀၀၀ နီးပါးရှိပြီး AA အက္ခရာ တက္ကစီ များကိုလည်း ၁၀၀၁ မှ ၉၉၉၉ အထိ ချထားပေး ခဲ့ကြောင်း ၊ ယခုကဲ့သို့ တက္ကစီ လျှောက်ထားမှု များပြား လာချိန်တွင် ခရီးသွား ပြည်သူများ အတွက် ခရီးသွား လာမှု အဆင်ပြေ စေရေး အတွက် တက္ကစီများတွင် မီတာ တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကစီ မီတာ တပ်ဆင်မှုကို ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ က စီစဉ် သွားမည် ဖြစ်ကြောင်း နှင့် ဈေးနှုန်း ကိုမူ မသတ်မှတ် ရသေးကြောင်း ခရီးသည် များအတွက် အရင် တက္ကစီ စီးခြင်းထက် ပိုမို သက်သာ စေနိုင်ကြောင်း မထသရုံး (ဗဟို) မှ သိရသည်။

ရန်ကုန်တိုင်း စည်ပင် သာယာရေး နယ်နိမိတ် အတွင်း တက္ကစီ များအား မီတာဖြင့် ကောက်ခံခြင်းကို ၂၀၀၈ ခုနှစ်တွင် စတင် ခဲ့သော်လည်း အောင်မြင်မှု မရရှိ ခဲ့သောကြောင့် ယင်းလုပ်ငန်းအား ရပ်ဆိုင်း ခဲ့ရပြီး ယခုနှစ်တွင် ပြန်လည်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ တွင် ၂၀၁၂ ခုနှစ်၌ တက္ကစီ အစီးရေ တစ်သောင်းကျော် ၀န်ကျင်ရှိပြီး ၂၀၁၁ ခုနှစ်ကထက် တက္ကစီ စီးရေ ၃ ဆခန့် ပိုမို များပြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

ရန်ကုန် ၊ ၁၈-၃-၂၀၁၃

၂၀၁၃ ခုနှစ်တွင် ရာသက်ပန် အငှားယာဉ် လိုင်စင်ဖြစ်သည့် BB လာရောက် လျှောက်ထားသူမှာ ၂၀၀၀ နီးပါးရှိပြီး AA အက္ခရာ တက္ကစီ များကိုလည်း ၁၀၀၁ မှ ၉၉၉၉ အထိ ချထားပေး ခဲ့ကြောင်း ၊ ယခုကဲ့သို့ တက္ကစီ လျှောက်ထားမှု များပြား လာချိန်တွင် ခရီးသွား ပြည်သူများ အတွက် ခရီးသွား လာမှုအဆင်ပြေ စေရေး အတွက် တက္ကစီများတွင် မီတာ တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကစီ မီတာ တပ်ဆင်မှုကို ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ က စီစဉ် သွားမည် ဖြစ်ကြောင်း နှင့် ဈေးနှုန်း ကိုမူ မသတ်မှတ် ရသေးကြောင်း ခရီးသည် များအတွက် အရင် တက္ကစီ စီးခြင်းထက် ပိုမို သက်သာ စေနိုင်ကြောင်း မထသရုံး (ဗဟို) မှ သိရသည်။

ရန်ကုန်တိုင်း စည်ပင် သာယာရေး နယ်နိမိတ် အတွင်း တက္ကစီ များအား မီတာဖြင့် ကောက်ခံခြင်းကို ၂၀၀၈ ခုနှစ်တွင် စတင် ခဲ့သော်လည်း အောင်မြင်မှု မရရှိ ခဲ့သောကြောင့် ယင်းလုပ်ငန်းအား ရပ်ဆိုင်း ခဲ့ရပြီး ယခုနှစ်တွင် ပြန်လည်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ တွင် ၂၀၁၂ ခုနှစ်၌ တက္ကစီ အစီးရေ တစ်သောင်းကျော် ၀န်ကျင်ရှိပြီး ၂၀၁၁ ခုနှစ်ကထက် တက္ကစီ စီးရေ ၃ ဆခန့် ပိုမို များပြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

Rangonnewsdaily
RND:  :18.3.2013
 

No comments:

Post a Comment