Pages

Pages - Menu

Sunday, March 31, 2013

မိတ္ထီလာအရေးအခင်းနှင့် တောင်ကုတ် အကြမ်းဖက်မှုတွေကြောင့် ကွယ်လွန်ခဲ့ရသူတွေအတွက် ဆုတောင်းပွဲ မလေးရှားနိုင်ငံရောက် မြန်မာမွတ်ဆလင်များက ပြုလုပ်

ယနေ့ မွန်းလွှဲး (၂း၀၀)ဇိုဟိုရ်ဆွလာသ် ၀တ်ပြုပြီးအချိန်တွင်မလေးရှားနိုင်ငံရောက် မြန်မာမွတ်စလင်မ် အချို့က ဆုတောင်းပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆုတောင်းပွဲက Sura Nurul Huda Serimayang မြန်မာနိုင်ငံသာများ ဗလီဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေ (၁၅၀)ကျော်လောက်က ပါဝင်ဆုတောင်းခဲ့တယ်လို့သိရပါတယ်။ဆုတောင်းပွဲရဲ့အဓိကရည်ရွယ်ချက်မှာ
မိတ္ထီလာအရေးအခင်မှ၂၁/မတ်လ/၂၀၁၃နေ့တွင်ကွယ်လွန်ခဲ့ရတဲ့ ဟာဖစ်ကျောင်းသား၂၈ဦးနှင့်ဆရာ(၄)ပါးတို့အားရည်စူးရ်ျ၎င်း၊တောင်ကုပ်တွင်အကြမ်းဖက်သမား(၃၀၀)ကျော်မှ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရသေားအပြစ်မဲ့မြန်မာမွတ်စလင်မ်ဘာသာရေးခရီးသည်(၁၀)တို့အားရည်စူးရ်ျ၎င်း၊
မြန်မာနိုင်ငံတွင် နည်းပေါင်းစုံဖြင့် နှိပ်စက်ခြင်းခံနေရသော မြန်မာမွတ်စလင်မ်များအတွက်ရည်စူးရ်ျ၎င်း၊
လက်ရှိအခြေအနေတွင် မြန်မာမွတ်စလင်မ်လူထု၏ အသက်အိုးအိမ်နှင့် ဘ၀လုံခြုံရေးတို့အတွက် စိုးရိမ်နေရ သောအခြေအနေသို့ ဆိုက်ရောက်နေသည်ဖြစ်ရာ အလ္လာဟ်ရှင်မြတ်ထံတော်မှ ကရုဏာတော်အားခံယူလိုသော မလေးရှားနိုင်ငံရောက် မြန်မာမွတ်စလင်မ်များမှ အခုလိုဆုတောင်းပွဲကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။
ဖိတ်ကြားထားသော ဧည်သည်များမှ အဆိုပါဆုတောင်းပွဲကို နှစ်တောင်းအားရကျေနပ်စွာဖြင့် မိမိတို့၏စိတ် နှလုံးတည်ငြိမ်စွာ မြန်မာနိုင်ငံမှ မြန်မာမွတ်စလင်မ် ဒုက္ခသည်များအတွက်အမြန်ဆုံးငြိမ်းချမ်းစေရန် အလ္လာဟ်မြတ်သခင်ထံတော်တွင် ဆုမွန် ဒိုအာပြုခဲ့ကြောင်းကို အခမ်းအနားသို့တက်အောက်လာသူတစ်ဦးမှ ပြေားပြခဲ့ပါတယ်။ 
အဆိုပါအခမ်းအနားကို နေ့လည်စာဖြင့် တည်ခင်းဧည့် ကျွေးမွေး ခြင်းဖြင့် အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။အဆိုပါအခမ်းအနားမျိုးလို့မန်ပြည်တ၀ှမ်းလုပ်ဖို့ မလွယ်ကူသမျှပြည်ပြနိုင်ငံရောက် မြန်မာမွတ်စလင်မ်များမှ တာဝန်ယူလုပ်ဆောင်ပေးကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။
အောင်ကျော်မိုး
Rangonnewsdaily
RND:31.3.2013

No comments:

Post a Comment