Pages

Pages - Menu

Wednesday, March 20, 2013

ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှု အောင်မြင်

ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှု အောင်မြင်
Wednesday, March 20, 2013

ထားဝယ်မြို့တွင် ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှုပြုလုပ်ရာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

ထိုခွဲစိတ်ကုသမှုအား ထားဝယ်မြို့ရှိ သီတဂူ အာရောဂျံ ဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများ က မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်
ကွဲ ကလေးသူငယ်များ အား လာရောက်ကုသပေးစဉ် မီးလောင်မှုကြောင့် မျက်နှာ နှင့်လည်ပင်း ပျက်စီးခဲ့ရသော မောင်သန်းမိုးအား ရုပ်အသွင်အပြင်
ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ခံခဲ့ရသော မောင်သန်းမိုးသည် တစ်နှစ်သားအရွယ်
က တင်္နသာရီတိုင်းဒေသကြီး စော်ဖျား ရွာရှိ ၄င်း၏နေအိမ်ရှေ့ တွင် ဆော့ကစားနေရင်း အမှိုက်များ မီးရှို့ထားသော မြောင်းထဲသို့ ပြုတ်ကျ
ခဲ့ပြီး မျက်နှာ နှင့် လည်ပင်း တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်
ကြောင်း ဖခင်ဖြစ်သူ ဦးတင်ဖေ၏ ပြေပြချက်အရသိရသည်။

ယင်းမီးလောင်ဒဏ်ရာများကို ဆရာဝန်ကြီးများက ကြိုတင်စစ်ဆေးကြည့်
ရှုပြီး လည်ပင်း နှင့် မျက်နှာကို ခွဲစိတ်ကုသနိုင်မည် ဖြစ်ပြီး လက်ကိုမှု အချိန်ယူ ကုသရမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

မောင်သန်းမိုးကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်မှ စတင်ခွဲစိတ်ကုသရာ ည ၆ နာရီခွဲ အချိန်တွင် အောင်မြင်စွာခွဲ
စိတ်ကုသ နိုင်ခဲ့ကြောင်း သိရသည်။

ဖိုးဇော် (ထားဝယ်)
Yangon Media Group

Wednesday, March 20, 2013

ထားဝယ်မြို့တွင် ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှုပြုလုပ်ရာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

ထိုခွဲစိတ်ကုသမှုအား ထားဝယ်မြို့ရှိ သီတဂူ အာရောဂျံ ဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများ က မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ ကလေးသူငယ်များ အား လာရောက်ကုသပေးစဉ် မီးလောင်မှုကြောင့် မျက်နှာ နှင့်လည်ပင်း ပျက်စီးခဲ့ရသော မောင်သန်းမိုးအား ရုပ်အသွင်အပြင် ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
 

အဆိုပါ မီးလောင်ခံခဲ့ရသော မောင်သန်းမိုးသည် တစ်နှစ်သားအရွယ် က တင်္နသာရီတိုင်းဒေသကြီး စော်ဖျား ရွာရှိ ၄င်း၏နေအိမ်ရှေ့ တွင် ဆော့ကစားနေရင်း အမှိုက်များ မီးရှို့ထားသော မြောင်းထဲသို့ ပြုတ်ကျ ခဲ့ပြီး မျက်နှာ နှင့် လည်ပင်း တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ် ကြောင်း ဖခင်ဖြစ်သူ ဦးတင်ဖေ၏ ပြေပြချက်အရသိရသည်။


ယင်းမီးလောင်ဒဏ်ရာများကို ဆရာဝန်ကြီးများက ကြိုတင်စစ်ဆေးကြည့် ရှုပြီး လည်ပင်း နှင့် မျက်နှာကို ခွဲစိတ်ကုသနိုင်မည် ဖြစ်ပြီး လက်ကိုမှု အချိန်ယူ ကုသရမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။


မောင်သန်းမိုးကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်မှ စတင်ခွဲစိတ်ကုသရာ ည ၆ နာရီခွဲ အချိန်တွင် အောင်မြင်စွာခွဲ စိတ်ကုသ နိုင်ခဲ့ကြောင်း သိရသည်။

ဖိုးဇော် (ထားဝယ်)
Yangon Media Group,Rangonnewsdaily
RND:  :20.3.2013

No comments:

Post a Comment