Pages

Pages - Menu

Wednesday, March 20, 2013

ယုဇနပလာဇာရှိ ဆိုင်ခန်းများနှင့် ပတ်သတ်ပြီး အလုပ်သမား စစ်ဆေးရေးဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်

ယုဇနပလာဇာအထပ်အားလုံးရှိဆိုင်ခန်းများအား တစ်ပတ်လျှင်တစ်ရက် ပိတ်ကာ ထိုသို့ တစ်ရက်ပိတ်ခြင်းအတွက် လုပ်အားခ ဖြတ်တောက်ခြင်းမပြုရန် မတ်လ ၁၉ရက်က အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ လိုက်နာမှုမရှိပါက ၁၉၅၁ခုနှစ်ဆိုင်များနှင့်အလုပ်ဌာနများ အက်ဥပဒေပုဒ်မ ၆(၁)အရ ထောင်ဒဏ်၃လသို့မဟုတ် ငွေဒဏ်ငါးရာကျပ်ပေးဆောင်ရမည်ဖြစ်သည်။ ယုဇနပလာဇာမှ ၀န်ထမ်းများသည် အလုပ်နားရက်ထားပေးရန် မတ်လ ၁၇ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။
 
7days News:
Rangonnewsdaily
RND:  :20.3.2013 

No comments:

Post a Comment