ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ရောက်ရှိ
ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်မှ ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ကို တရုတ် ယူတောင်ကုမ္ပဏီမှ မတ်လ နောက်ဆုံးအပတ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ “သင်္ကြန်မတိုင်ခင်ပြေးဆွဲနိုင်အောင်တော့လုပ်နေတယ်။ အခု က.ည.န နံပတ်တောင်းထားတယ်။ အုံနာဘုတ် လုပ်နေတယ်။ ကားတွေကို စစ်ဆေးနေတဲ့အတွက် သင်္ကြန်ပြီှးမှပဲ ပြေးဆွဲနိုင်တော့မယ် ထင်တယ်”ဟု ဗန္ဓုလ
သယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်(မြန်မာ့စီးပွားရေးဦးပိုင်)မှမန်းနေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောကြားသည်။
အဆိုပါ တင်သွင်းလာသည့် ယာဉ်များအား နေပြည်တော်ရှိ တော်ဝင်ယာဉ်လိုင်း(မြိုတွင်း)အတွက် ၁၅စီး၊ ရန်ကုန် ပါရမီ(အဓိပတိ) ယာဉ်လိုင်း အတွက် ၃၅စီး အားဖြည့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ပါရမီ(အဓိပတိ)ယာဉ်လိုင်း၌လက်ရှိမော်တော်ယာဉ်အစီးရေ၄၇၀ရှိပြီးအသစ်ထပ်မံတိုးသည့် ၃၅စီးနှင့်ဆိုပါကစုစုပေါင်း၅၀၅စီးအထိ တိုးချဲ့ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း၊ နေပြည်တော် တော်ဝင်ယာဉ်လိုင်း(မြိုတွင်း)တွင်မော်တော်ယာဉ် အစီးရေ ၁၄၂ ရှိပြီး အသစ်ထပ်မံ တိုး သည့် ၁၅စီးနှင့်ဆိုပါက ၁၅၇ စီး တိုးချဲ့ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခွန်းဆင့်ဆင့်မောင်
The Myanma Age,Rangonnewsdaily
RND:31.3.2013
No comments:
Post a Comment