March 5, 2013
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍ သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ် နေသော်လည်း
၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊ ဘာသာရေးအစွဲအလမ်းကြီးမှု ၊
အယူသီးမှုများကြောင့် အချို့သောနေရာများတွင် အစိုးရအနေဖြင့်
ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး ၀န်ကြီးဦးဆန်းဆင့်က
ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ “ကျွန်တော်တို့အခု
အုပ်ချုပ်နေတာ ဒီမိုကရေစီစနစ် နဲ့ ပြည်သူအစိုးရဖြစ်ပါတယ်။ ဒါပေမယ့်
အချို့သောနေရာတွေမှာချက်ချင်းလုပ်လိုက်ရင် အခက်အခဲတွေရှိပါတယ်။
ပြည်သူတွေက“အမြင်မကျယ်
သေးဘူးလို့ ပြောချင်တယ်။
ဘာလို့လဲဆိုတော့ ပြည်သူတွေအားလုံးက ဘာသာရေးအစွဲအလမ်းကြီးတာတွေ ၊
အယူသီးတာတွေ ရှိသေးတယ်။ ဒီလိုတွေဖြစ်နေတဲ့အခါကျတော့
လုပ်ချင်တာကိုလုပ်လိုက်ရင် အများရဲ့ မကျေနပ်ချက်တွေဖြစ်လာပြီး တစ်ယောက် နဲ့
တစ်ယောက် အာဃာတပွားလာပြီးတော့ ကိုယ်ထိလက်ရောက်
ကျူးလွန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ဒါမျိုးတွေကိုလည်း မဖြစ်စေချင်တဲ့အတွက် အချို့နေရာတွေမှာ
ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတဲ့အခြေအနေလေးတွေ
ရှိနေပါတယ်´´ဟုပြောကြားခဲ့သည်။
လူမျိုးတစ်မျိုး နှင့်
တစ်မျိုးအထင်အမြင်လွဲမှားမှုများအား လျော့ကျစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ဖြိုးအောင်
RND: 5.3.2013
The Hot News
No comments:
Post a Comment