ဒီနေ့ညနေ ၅ နာရီ ၄၅ လောက်တုန်းက ဗိုလ်ချုပ်လမ်းနဲ့ဘုန်းကြီးလမ်း ထောင့်နား မှာ (သူနာပြုတက္ကသိုလ်ရှေ့နား) မြို့ထဲကိုမျက်နှာမူပြီး ကားမောင်းနေတုန်း မျက်နှာချင်းဆိုင် ကားပွဲစားတန်းဖက်မှာ ပိန်ပိန်ပါးပါး အသားညိုညိုနဲ့ လူတစ်ယောက် လမ်းလျှောက်ရင်းပစ်ပစ်လဲတာ တွေ့လိုက်ရတယ်။
အဝေးကလှမ်းကြည့်နေတာ အရက်မူးပြီး ဒယိမ်းဒယိုင် သွားနေပုံမျိုး၊ ပလက်ဖောင်းပေါ်လျှောက်ရင်း ပစ်လဲတယ်၊ ပြန်ထတယ်၊ သုံးလေးလှမ်းလျှောက်ပြီး ထပ်လဲတယ်၊ လမ်းမပေါ်လဲကျသွားတယ်၊ ပြန်ထတယ်၊ ထပ်လျှောက်တယ်၊ လမ်းမပေါ်မှာ ထပ်လဲတယ်၊
အဲသလို အကြိမ်ကြိမ်ဖြစ်နေတာ၊ ရှေ့မှာ ကားကြပ်နေတော့ ဖြည်းဖြည်းပဲမောင်းရင်း သူ့အဖြစ်အပျက်ကို လှမ်းမြင်နေရတယ်။ ဟိုဖက်ယာဉ်ကြောက ကားသိပ်မများလို့ တော်သေး တာပေါ့၊ သူ အဲသလို လမ်းပေါ်မှာ လဲကျနေတုန်း သွားလာနေတဲ့ကားတွေက ခဏရပ်ပေးပြီးတာနဲ့ ကွေ့ပတ်ပြီး မောင်းထွက်သွားတာပဲ၊ ဘယ်သူမှဆင်း မကြည့်ဘူးဗျ။
အဲဒါနဲ့ ကျနော်တို့လည်းမနေနိုင်တော့ဘဲ ကားအရှင်းမှာ ဟိုဖက်ယာဉ်ကြောကို ဂငယ်ကွေ့ မောင်းသွားပြီးသူ့အ နားသွားကြည့်ဖြစ်တယ်။
လက်၊ ဒူးခေါင်း၊ ခြေထောက် စတဲ့နေရာတွေမှာ ပွန်းပဲ့ပြီး သွေးတွေထွက်နေတာဗျာ။ မတော်တဆ အရှိန်နဲ့လာတဲ့ကား ဝင်တိုက်မိမှာစိုးလို့ အနားရောက်နေတဲ့ ရေခဲချောင်းသယ်အကူအညီနဲ့ သူ့ကို ပလက်ဖောင်းပေါ်ပွေ့တင်လိုက်တယ်။
အရက်နံ့ရလိုရငြား သူ့အနားကပ်ပြီး ရှူကြည့်ပေမယ့် ဘာအရက်နံ့မှ မရဘူး၊ သတိထားမိသလောက် သူ့ညာဖက်လက်ရော ခြေထောက်ရော အားမရှိဘဲ မလှုပ်မယှက်ဖြစ်နေတာ၊ ကြည့်ရတာ ညာဖက်ခြမ်းလေဖျန်းသွားပုံပဲ။
ဘာမှလည်း မေးမရဘူး၊ ဘယ်ကလဲ မေးတာ စကားလုံးသုံးလုံးကို ဗလုံးဗထွေးပြန်ဖြေတယ်၊ ပုံမှန်တော့မဟုတ်ဘူးဗျ။ ပါးစပ်လည်း နည်းနည်းလေး ရွဲ့နေပုံရတယ်၊ စကားပြောဖို့ အဆင်မပြေတော့ စာရွက်ရယ် ဘောပင်ရယ် ထုတ်ပေးပြီး ရေးခိုင်းသေးတယ်၊ ဗယ်ဖက်လက်နဲ့ ဘောပင်ကိုင်လိုက်ပေမယ့် ဘာမှ ရေးမထွက်ပါဘူး။
နောက်တော့ သူ့လွယ်အိတ်ထဲ လျှောက်ရှာကြည့်တော့မှ မှတ်ပုံတင်လေး ထွက်လာပြီး ဟင်္သာတသားဖြစ်နေတာ သိလိုက်ရတယ်။ ဘာမှမေးလို့မရတဲ့အဆုံး ကျနော်တို့လည်း ကြံရာမရဖြစ်ပြီး ၁၃လမ်းထိပ်က လမ်းမတော်ရဲစခန်းကိုပဲ ပို့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကားတိုက်တာကို လိမ်ပို့တယ် ထင်မှာစိုးလို့ ရေခဲချောင်းသယ်ကိုပါ သက်သေအဖြစ် ခေါ် သွားလိုက်တယ်။
ဟိုရောက်တော့ အကျိုးအကြောင်းပြောပြပြီး သက်ဆိုင်ရာ က မေးတာတွေဖြေပြီး ပြန်ခဲ့ပါတော့တယ်။ မိတ်ဆွေနဲ့ ၆ နာရီချိန်းထားတာ နောက်ကျသွားပေမယ့် ဒီလိုကိစ္စမှာ အချိန်ကုန်သွားတာ အကျိုးရှိလှပါတယ်။
အကယ်၍များ ဘယ်သူမှသွားမကြည့်ဘဲ ဒီတိုင်းပစ်ထားရင် ဒီလူကြီး လမ်းမပေါ်မှာပဲ တောက်လျှောက်လှဲနေမလား၊ ကံကောင်းလို့ ပလက်ဖောင်းပေါ်ရောက်သွားရင်တောင် လမ်းဘေးမှာပဲ ညအိပ်ဖြစ်သွားမလား မပြောတတ်ပါဘူး၊ ရဲစခန်းရောက်သွားတာ သူ့အတွက် ပိုသင့်တော်မယ် ထင်ပါတယ်။
(ပုံထဲက ဗယ်ဖက်ကပုဂ္ဂိုလ်က ကူညီချင်စိတ်အပြည့်ရှိတဲ့ ရေခဲချောင်းသယ်ပါ၊ ဓာတ်တိုင်မှီပြီး နားနေတာကတော့ ရန်ကုန်မြို့ရောက် ဟင်္သာတသားပါပဲ၊ အသိမိတ်ဆွေများတွေ့ခဲ့ရင် လမ်းမတော်ရဲစခန်းကို ဆက်သွယ်နိုင်ပါတယ်)
အဝေးကလှမ်းကြည့်နေတာ အရက်မူးပြီး ဒယိမ်းဒယိုင် သွားနေပုံမျိုး၊ ပလက်ဖောင်းပေါ်လျှောက်ရင်း ပစ်လဲတယ်၊ ပြန်ထတယ်၊ သုံးလေးလှမ်းလျှောက်ပြီး ထပ်လဲတယ်၊ လမ်းမပေါ်လဲကျသွားတယ်၊ ပြန်ထတယ်၊ ထပ်လျှောက်တယ်၊ လမ်းမပေါ်မှာ ထပ်လဲတယ်၊
အဲသလို အကြိမ်ကြိမ်ဖြစ်နေတာ၊ ရှေ့မှာ ကားကြပ်နေတော့ ဖြည်းဖြည်းပဲမောင်းရင်း သူ့အဖြစ်အပျက်ကို လှမ်းမြင်နေရတယ်။ ဟိုဖက်ယာဉ်ကြောက ကားသိပ်မများလို့ တော်သေး တာပေါ့၊ သူ အဲသလို လမ်းပေါ်မှာ လဲကျနေတုန်း သွားလာနေတဲ့ကားတွေက ခဏရပ်ပေးပြီးတာနဲ့ ကွေ့ပတ်ပြီး မောင်းထွက်သွားတာပဲ၊ ဘယ်သူမှဆင်း မကြည့်ဘူးဗျ။
အဲဒါနဲ့ ကျနော်တို့လည်းမနေနိုင်တော့ဘဲ ကားအရှင်းမှာ ဟိုဖက်ယာဉ်ကြောကို ဂငယ်ကွေ့ မောင်းသွားပြီးသူ့အ နားသွားကြည့်ဖြစ်တယ်။
လက်၊ ဒူးခေါင်း၊ ခြေထောက် စတဲ့နေရာတွေမှာ ပွန်းပဲ့ပြီး သွေးတွေထွက်နေတာဗျာ။ မတော်တဆ အရှိန်နဲ့လာတဲ့ကား ဝင်တိုက်မိမှာစိုးလို့ အနားရောက်နေတဲ့ ရေခဲချောင်းသယ်အကူအညီနဲ့ သူ့ကို ပလက်ဖောင်းပေါ်ပွေ့တင်လိုက်တယ်။
အရက်နံ့ရလိုရငြား သူ့အနားကပ်ပြီး ရှူကြည့်ပေမယ့် ဘာအရက်နံ့မှ မရဘူး၊ သတိထားမိသလောက် သူ့ညာဖက်လက်ရော ခြေထောက်ရော အားမရှိဘဲ မလှုပ်မယှက်ဖြစ်နေတာ၊ ကြည့်ရတာ ညာဖက်ခြမ်းလေဖျန်းသွားပုံပဲ။
ဘာမှလည်း မေးမရဘူး၊ ဘယ်ကလဲ မေးတာ စကားလုံးသုံးလုံးကို ဗလုံးဗထွေးပြန်ဖြေတယ်၊ ပုံမှန်တော့မဟုတ်ဘူးဗျ။ ပါးစပ်လည်း နည်းနည်းလေး ရွဲ့နေပုံရတယ်၊ စကားပြောဖို့ အဆင်မပြေတော့ စာရွက်ရယ် ဘောပင်ရယ် ထုတ်ပေးပြီး ရေးခိုင်းသေးတယ်၊ ဗယ်ဖက်လက်နဲ့ ဘောပင်ကိုင်လိုက်ပေမယ့် ဘာမှ ရေးမထွက်ပါဘူး။
နောက်တော့ သူ့လွယ်အိတ်ထဲ လျှောက်ရှာကြည့်တော့မှ မှတ်ပုံတင်လေး ထွက်လာပြီး ဟင်္သာတသားဖြစ်နေတာ သိလိုက်ရတယ်။ ဘာမှမေးလို့မရတဲ့အဆုံး ကျနော်တို့လည်း ကြံရာမရဖြစ်ပြီး ၁၃လမ်းထိပ်က လမ်းမတော်ရဲစခန်းကိုပဲ ပို့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကားတိုက်တာကို လိမ်ပို့တယ် ထင်မှာစိုးလို့ ရေခဲချောင်းသယ်ကိုပါ သက်သေအဖြစ် ခေါ် သွားလိုက်တယ်။
ဟိုရောက်တော့ အကျိုးအကြောင်းပြောပြပြီး သက်ဆိုင်ရာ က မေးတာတွေဖြေပြီး ပြန်ခဲ့ပါတော့တယ်။ မိတ်ဆွေနဲ့ ၆ နာရီချိန်းထားတာ နောက်ကျသွားပေမယ့် ဒီလိုကိစ္စမှာ အချိန်ကုန်သွားတာ အကျိုးရှိလှပါတယ်။
အကယ်၍များ ဘယ်သူမှသွားမကြည့်ဘဲ ဒီတိုင်းပစ်ထားရင် ဒီလူကြီး လမ်းမပေါ်မှာပဲ တောက်လျှောက်လှဲနေမလား၊ ကံကောင်းလို့ ပလက်ဖောင်းပေါ်ရောက်သွားရင်တောင်
(ပုံထဲက ဗယ်ဖက်ကပုဂ္ဂိုလ်က ကူညီချင်စိတ်အပြည့်ရှိတဲ့ ရေခဲချောင်းသယ်ပါ၊ ဓာတ်တိုင်မှီပြီး နားနေတာကတော့ ရန်ကုန်မြို့ရောက် ဟင်္သာတသားပါပဲ၊ အသိမိတ်ဆွေများတွေ့ခဲ့ရင် လမ်းမတော်ရဲစခန်းကို ဆက်သွယ်နိုင်ပါတယ်)
သစ်ထူးလွင်
Rangonnewsdaily
RND: :20.3.2013
RND: :20.3.2013
No comments:
Post a Comment