တို့အဘိုးကား
လွယ်ပိုးဆေးအိပ် ဘယ်ညာချိတ်မည်
ဆောရိပ်ခြုံကြား ချောင်းမြင်ဖျားထိ
တောသားတောင်သူ ဖျားနာသူကို
ကူညီသည့်စိတ် မေတ္တာရိပ်တွင်
ချွေးသိပ်ဖြေသူ သမားတည်း ။ တို့အဘိုးလျှင်
တောတခွင်နှင့် မြစ်ပြင်စပ်ကြား
ကိုယ့်စွမ်းအားနှင့် မနားမနေ
ဘ၀မလှ မ၀တဝ
ဆုံရအဖြစ် များသာတည်း ။
လယ်သမားလျှင်
လုပ်အားကိုသုံး ထွန်းတုံးကိုငင်
နေ၀င်မိုးချုပ် တကုပ်ကုပ်နှင့်
ကြိုါ်ကုတ်ဖွေလည်း......
မြေခွန် လူခွန် စည်းကြပ်ခွန်တွင်
ကျွန်ဖြစ်နေရ မလှမပ
မ၀တ၀ ။
ယာသမားလျှင်
ကိုင်းတောဝင်၍ သီးပင်သီးထပ်
သီးညှပ်သီးနှံ ရာသီမှန်စွာ
ပျိုးစိုက်ရှာလည်း
အိမ်မှာ လယ်မှာ ချောင်းမြောင်းမှာလျှင်
ပြေးစရာမြေ ပေးစရာငွေ
မွဲပြာနေရ ။
တို့တိုင်း တို့ပြေ
တို့ဌာနေမှာ တို့မြေဖြစ်ည်း
မြေနှစ်မြေဆီ တို့မမှီရ
မသိရလျှင်......
အလှပန်းညှိုး ဘ၀ဆိုးကို
လျှို့ငုံ့ မည်သူ ခံမည်နည်း ။
တို့အဘွားလျှင်
အမျိုးတို့အတွက် တွေးမိချက်တွင်
ညာဘက်လွယ်ပိုး ဆေးအိပ်ကြိုးနှင့်
မိုးပြင်လေအောက် ခရီးထောက်သည်
စပါးကျီစဲ လင်းတ၀ဲစဉ်
ဘုန်းရှင် နာမံ ဆရာစံ.....ဟု
မည်ခံစည်းကြပ် ဓားလှံအပ်လျှက်
တပ်မည်ဂဋ္ဋုန် ပေါင်းစုအုံကာ
သူပုန် သူပုန် ထမည်တည်း ။
အဘိုး ဂဋ္ဋုန် တို့ သူပုန်ဟေ့
အုံလုံးကြွလာ လယ်မှာ ယာမှာ
ချောင်းမြေင်းမှာပါ......
လယ်ယာကို စွန့် ထွန် နွား စွန့်၍
မတွန့် မဆုတ် နယ်ချဲ့ယုတ်ကို
ဒုတ် ဓား လက်နက် လှံသွား သွက်သွက်
ဇာတိစက်ဖြင့်
လက်ရုံးမီးမောင်း အုတ်အော် သောင်းသောင်း
ပေါင်းစုမောင်းလျှင်
မြန်တခွင်တွင် ဂုဏ်ရှိန်လွင့်သည်
ငါလျှင် သူပုန် ဤ၀သုန်မှ
ဂဋ္ဋုန် တပ်မ အောင်ပွဲတည်း ။
လယ်သမားအရေး တို့အရေးတည်း
တို့သွေး တို့သား လယ်ယာများထည့်
ဓားမကိုဆွဲ တံစဉ်ဆွဲ၍
မြဲမြံသည့်စိတ် မျိုးချစ်စိတ်နှင့်
တို့ရိပ် တို့ပြေ တို့လယ်မြေကို
တို့တွေအများ သွေးချွေးအားဖြင့်
ပွါးများကြံစည် စိတ်ရည် ညီလျှက်
မသယ်မပိုး နယ်ချဲ့ဆိုးလျှင်
ခြံရိုးကျော်ကာ ခြေနင်းလာ၍
ယာစပ်စိုက်ခင်း မြေတလင်းတွင်
အတင်းဝင်ကပ် သူခိုးငတ်ကို
ချည်းကပ်မခံ အမျိုးမာန်နှင့်
တွန်းလှန်ခဲံသည် မဟုတ်လော........။
တို့အဘိုးကား...........
လွယ်ပိုေးဆးအိပ် ဘယ်ညာချိတ်လျှက်
တောရိပ်ခြုံကြား ချောင်းမြစ်ဖျားမှ
တောသားတောင်သူ ဖျားနာသူကို
ဖေးကူတွဲကာ အေးရိပ်ရှာသည့်
ခန္ဒာလဲကု စိတ်လဲကုသည့်
ဖိလွန်းလျှင်ထ အုံကြွပြသည့်
လောကသစ္စာ.................
ဆေးသမားတည်း
1978 ခုနှစ် မတ်လတွင် ထုတ်ဝေသော လမ်းစဉ်လူငယ် စာစောင်
လွယ်ပိုးဆေးအိပ် ဘယ်ညာချိတ်မည်
ဆောရိပ်ခြုံကြား ချောင်းမြင်ဖျားထိ
တောသားတောင်သူ ဖျားနာသူကို
ကူညီသည့်စိတ် မေတ္တာရိပ်တွင်
ချွေးသိပ်ဖြေသူ သမားတည်း ။ တို့အဘိုးလျှင်
တောတခွင်နှင့် မြစ်ပြင်စပ်ကြား
ကိုယ့်စွမ်းအားနှင့် မနားမနေ
ဘ၀မလှ မ၀တဝ
ဆုံရအဖြစ် များသာတည်း ။
လယ်သမားလျှင်
လုပ်အားကိုသုံး ထွန်းတုံးကိုငင်
နေ၀င်မိုးချုပ် တကုပ်ကုပ်နှင့်
ကြိုါ်ကုတ်ဖွေလည်း......
မြေခွန် လူခွန် စည်းကြပ်ခွန်တွင်
ကျွန်ဖြစ်နေရ မလှမပ
မ၀တ၀ ။
ယာသမားလျှင်
ကိုင်းတောဝင်၍ သီးပင်သီးထပ်
သီးညှပ်သီးနှံ ရာသီမှန်စွာ
ပျိုးစိုက်ရှာလည်း
အိမ်မှာ လယ်မှာ ချောင်းမြောင်းမှာလျှင်
ပြေးစရာမြေ ပေးစရာငွေ
မွဲပြာနေရ ။
တို့တိုင်း တို့ပြေ
တို့ဌာနေမှာ တို့မြေဖြစ်ည်း
မြေနှစ်မြေဆီ တို့မမှီရ
မသိရလျှင်......
အလှပန်းညှိုး ဘ၀ဆိုးကို
လျှို့ငုံ့ မည်သူ ခံမည်နည်း ။
တို့အဘွားလျှင်
အမျိုးတို့အတွက် တွေးမိချက်တွင်
ညာဘက်လွယ်ပိုး ဆေးအိပ်ကြိုးနှင့်
မိုးပြင်လေအောက် ခရီးထောက်သည်
စပါးကျီစဲ လင်းတ၀ဲစဉ်
ဘုန်းရှင် နာမံ ဆရာစံ.....ဟု
မည်ခံစည်းကြပ် ဓားလှံအပ်လျှက်
တပ်မည်ဂဋ္ဋုန် ပေါင်းစုအုံကာ
သူပုန် သူပုန် ထမည်တည်း ။
အဘိုး ဂဋ္ဋုန် တို့ သူပုန်ဟေ့
အုံလုံးကြွလာ လယ်မှာ ယာမှာ
ချောင်းမြေင်းမှာပါ......
လယ်ယာကို စွန့် ထွန် နွား စွန့်၍
မတွန့် မဆုတ် နယ်ချဲ့ယုတ်ကို
ဒုတ် ဓား လက်နက် လှံသွား သွက်သွက်
ဇာတိစက်ဖြင့်
လက်ရုံးမီးမောင်း အုတ်အော် သောင်းသောင်း
ပေါင်းစုမောင်းလျှင်
မြန်တခွင်တွင် ဂုဏ်ရှိန်လွင့်သည်
ငါလျှင် သူပုန် ဤ၀သုန်မှ
ဂဋ္ဋုန် တပ်မ အောင်ပွဲတည်း ။
လယ်သမားအရေး တို့အရေးတည်း
တို့သွေး တို့သား လယ်ယာများထည့်
ဓားမကိုဆွဲ တံစဉ်ဆွဲ၍
မြဲမြံသည့်စိတ် မျိုးချစ်စိတ်နှင့်
တို့ရိပ် တို့ပြေ တို့လယ်မြေကို
တို့တွေအများ သွေးချွေးအားဖြင့်
ပွါးများကြံစည် စိတ်ရည် ညီလျှက်
မသယ်မပိုး နယ်ချဲ့ဆိုးလျှင်
ခြံရိုးကျော်ကာ ခြေနင်းလာ၍
ယာစပ်စိုက်ခင်း မြေတလင်းတွင်
အတင်းဝင်ကပ် သူခိုးငတ်ကို
ချည်းကပ်မခံ အမျိုးမာန်နှင့်
တွန်းလှန်ခဲံသည် မဟုတ်လော........။
တို့အဘိုးကား...........
လွယ်ပိုေးဆးအိပ် ဘယ်ညာချိတ်လျှက်
တောရိပ်ခြုံကြား ချောင်းမြစ်ဖျားမှ
တောသားတောင်သူ ဖျားနာသူကို
ဖေးကူတွဲကာ အေးရိပ်ရှာသည့်
ခန္ဒာလဲကု စိတ်လဲကုသည့်
ဖိလွန်းလျှင်ထ အုံကြွပြသည့်
လောကသစ္စာ.................
ဆေးသမားတည်း
1978 ခုနှစ် မတ်လတွင် ထုတ်ဝေသော လမ်းစဉ်လူငယ် စာစောင်
Rangonnewsdaily
RND: :16.3.2013
RND: :16.3.2013
No comments:
Post a Comment