လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့  စုံစမ်းရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာအ
ပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက် အဖွဲ့က မနေ့ညနေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့  စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကောင်းမွန်
တဲ့အချက်အလက်တွေတွေ့ရ သလို၊
ကုမ္ပဏီတွေကြားချုပ်ဆိုတဲ့ စာချုပ်တွေဟာ ဥပဒေနဲ့  မကိုက်ညီတာ
တွေ
တွေ့ရတဲ့အတွက် စီမံကိန်းရပ်သင့်တယ်လို့  ကြေညာချက်မှာ
ဖေါ်ပြလိုက်တဲ့အကြောင်းမြန်မာနိုင်ငံ
ရှေ့နေများကွန်ရက် အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
ဒါ့အပြင် ဒီစီမံကိန်းကို နိုင်ငံတကာစီးပွားရေး သဘောတူစာချုပ်စာတမ်းတွေနဲ့
ချုပ်ဆိုထားလို့ လိုက်နာရ
မယ်လို့လည်း တရားသေယူဆစရာ မလိုတဲ့အကြောင်း၊
ဆန္ဒပြပြည်သူနဲ့ သံဃာတွေကို မီးလောင်စေတဲ့ ဗုံး
လက်နက်ပစ္စည်းသုံးပြီး
ဖြိုခွဲခဲ့တဲ့အပေါ် အရေးယူဖို့  အစီရင်ခံစာမှာ မပါတဲ့အတွက်
ကန့်ကွက်ကြောင်းနဲ့
မြန်မာနိုင်ငံရှေ့နေများကွန်ရက် အဖွဲ့အနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာဥပဒေတွေနဲ့အညီ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။
RFA (Burmese)
Rangonnewsdaily
RND: :16.3.2013
RND: :16.3.2013
No comments:
Post a Comment