ယူအေအီးသမ္မတ ရှိတ်ခါလီဖာ၏ ခါလီဖာ ဘင်ဇေယတ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ
ပေးရေးဖေါင်ဒေးရှင်းသည် မြန်မာရှိ ရခိုင်ပြည်နယ်မှ မူဆလင်များအတွက် အစားအစာထောက်ပံ့မှုတန်ချိန်
၂,၆၀၀ ကိုပေးပို့လိုက်ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်း အေဂျင်စီWam က ပြောကြားလိုက်သည်။
ယခုထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုမှာ ရခိုင်သို့ ဖေါင်ဒေးရှင်းမှပေးပို့ခဲ့သည့်ကယ်ဆယ်ရေး
ပံ့ရေးပစ္စည်းတန်ချိန် ၅,၂၀၀ မှ နောက်ဆုံးအသုတ် ပေးပို့ခြင်း ဖြစ်သည်။
ထောက်ပံ့ရေးပစ္စည်းများကြောင့် ရခိုင်ရှိ ဒုက္ခသည် ၈၅၀,၀၀၀ခန့်ကို အစားအစာဖူလုံရေး အကျိုးဖြစ်ထွန်း
စမည်ဖြစ်သည်။ခါလီဖာဖေါင်ဒေးရှင်း၏ ယခုပရောဂျတ်ကို သမ္မတ ရှိတ်ခါလီဖာ၏ လမ်းညွှန်မှုဖြင့် ဆောင်
ရွက်ခဲ့ခြင်းဖြစ်သည်။
ယူအေအီးမှ ရခိုင်ပြည်နယ်သို့ တင်ပို့ခဲ့သော ပစ္စည်းများတွင်ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး
ငယ်များအတွက် အခြေခံစား သောက် ကုန်နှင့် အဝတ်အထည်များပါဝင်ကြောင်းသိရသည်။
Ref: thenational.ae
Photo: Suu Sha
RND: 4.3.2013
The Myanma Age
No comments:
Post a Comment