Pages

Pages - Menu

Thursday, March 28, 2013

“လက်ပံတောင်းကြေးနီစီမံကိန်း အရေး ဆားလင်းကြီး၌ ဆန္ဒထုတ်ဖော်ခွင့် ရရှိ”

ရန်ကုန်၊ မတ် (၂၈)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယနေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်မည့် ဆန္ဒဖော်ထုတ်မှုအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ခွင့်ပြုပေးပြီးဟု သိရသည်။အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်အား ဥပဒေပုဒ်မ(၅)အရ သက်ဆိုင်ရာမှ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ပွဲကို မမြင့်မြင့်အေးမှ ဦးဆောင်၍ ခွင့်ပြုမိန့်တောင်းခဲ့ခြင်း ဖြစ်ပြီး လူဦးရေ ၅၀၀ ခန့် ပါဝင်မည်ဟု ဖော်ပြထားသည်။ 
၎င်းတို့သည် တုံကျေးရွာထိပ်မှ ပုသိမ်- မုံရွာလမ်းဆုံထိ စီတန်းလှည့်လည်ကြမည် ဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း (လုံးဝ) ဖျက်သိမ်းရေး။ (၂၉-၁၁-၂၀၁၂) အကြမ်းဖက် မီးလောင်ဗုံး တရားခံများဖော်ထုတ် အရေးယူရေး၊ ကြေးနီစီမံကိန်းအတွက် အသစ်ပြင်ဆင်ချုပ်ဆိုမည့် စာချုပ် (အလိုမရှိ) စသည်တို့အပြင် အချက် ၅ ချက်အား ကြွေးကြော်သွားမည်ဟု သိရသည်။

Popular Myanmar News Journal,Rangonnewsdaily
Kolatt(PBDN):28.3.2013

No comments:

Post a Comment