ဘာသာရေး၊
လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့်
မင်္ဂလာဈေးနှင့် ယု
ဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ
ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်
နေ့ မွန်းလွဲ ၁
နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင်
လူမျိုးရေး၊ ဘာ
သာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့်
ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်
ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့
ပိတ်သိမ်းခြင်းဖြစ်သည်။ မင်္ဂလာဈေးရှိ ဆိုင်ခန်းများအား လုံးပိတ်သိမ်းခြင်း
မဟုတ်ပဲ ဆိုင်ခန်းအချို့မှ ပိတ်သိမ်းခြင်း၊ ဗညားဒလ လမ်း
မပေါ်ရှိ
ဆိုင်ခန်းအများစု ပိတ်သိမ်းခြင်း ဖြစ်သည်။ မင်္ဂလာဈေးမှ ဈေးကော်မတီနှင့်
တာဝန်ရှိသူများကမူ စိုး
ရိမ်စရာ မရှိကြောင်း၊ ဆက်လက်၍ ဆိုင်ခန်းဖွင့်လှစ်
ရောင်းချနိုင်ကြောင်းကို ဆက်တိုက်နီးပါး ကြေညာ
ပေးလျှက်ရှိပြီး
တာဝန်ရှိသူများ၊ တာဝန်ကျ ရဲဝန်ထမ်းများလည်း လာရောက်ဆောင်ရွက်ပေးလျှက်
ရှိ
သည်ဟု သိရသည်။
ယခုဖြစ်စဉ်အရ မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ
ကောလာဟလ ထုတ်လွှင့်နေသူများကြောင့်
ဖြစ်ကြောင်း သိရသည်။ မတ်လ ၂၄
ရက်နေ့ညကလည်း ကားတစ်စီးဖြင့် လူတစ်စုမှ လိုက်လံ၍ မင်္ဂလာ
တောင်ညွန့်
မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဗလီတွေကို ဖျက်နေပြီဟူသော
သတင်းမှားများ ထုတ်
လွှင့်ကာ ဆူပူစေရန် လှုံ့ဆော်မှု ဖြစ်ပွားခဲ့သည်။
Eleven Media Group:,Rangonnewsdaily
RND: :25.3.2013
RND: :25.3.2013
No comments:
Post a Comment