Pages

Pages - Menu

Monday, March 11, 2013

အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် ပါရမီ အဆင့်မြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် နန်းဆုရတီစိုး

အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် ပါရမီ အဆင့်မြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် နန်းဆုရတီစိုး

နန်းဆုရတီစိုးက အစာအိမ် သွေးကြော ပေါက်သွားတဲ့ အတွက် မတ်လ ၅ ရက်နေ့၊ သန်းခေါင် ၁၂နာရီမှာ ပါရမီ အဆင့်မြင့် ဆေးရုံမှာ တက်ရောက် ဆေးကုသ ခံယူ နေ တယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့၊ မနက် ၁၁နာရီမှာ ဒေါက်တာ ရွှေပေါ် က ခွဲစိတ် ကုသပေးခဲ့တဲ့ အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိဘဲ ကောင်း မွန်နေပြီဖြစ်ပါတယ်။

“နန်းဆုက နေပြည်တော်မှာ ဆီးဂိမ်းကြော်ငြာ သွားရိုက်ဖို့ မနက် ၅ နာရီ သွားရောက် မှာကို ည ၁၁ နာရီလောက် ဗိုက်အောင့်လာတာ၊ မခံနိုင်တော့ လူးလှိမ့် အောင် ငိုနေရတာ၊ အဖေကလည်း ရောက်နေတော့ တော်ေ သးတယ်။ အနီးဆုံး ဆေးရုံ ပါရမီမှာပဲ တက်လိုက်တာ၊ ဆေးရုံအုပ်ကြီး ကအစ၊ တာဝန်ကျ ဆရာ၊ ဆရာမ တွေ အကုန်လုံး က ဂရုစိုက်ပေးကြတယ်။

သက်သာရင် ပြန်မလို့ပဲ၊ မသက် သာတာနဲ့ ဓာတ်မှန် ရိုက်ကြည့်ပြီး မနက်ရောက် မှ ခွဲဖြစ်တာ၊ အစာအိမ်က အစား အသောက် မမှန်တော့ နာနေတာ ကြာပြီ၊ နည်းနည်း လျစ်လျူရှု ထားသလို ဖြစ်သွားတာပါ။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်း အစာစားတိုင်း ဗိုက်အောင့်တယ်။ ကိုယ့်ဆီမှာ ရှိတဲ့ ဆေးမြီး တိုတွေနဲ့ ပဲ ကုသလို ဖြစ်နေတာ။ ကံကောင်းတာက ခရီး မသွားခင် ဆိုတော့ တော်သေးတယ်” လို့ပြောပါတယ်။ နန်းဆုရတီစိုး က မတ်လ ၉ ရက်နေ့မှာ စိုးသူ နဲ့ ကြော်ငြာ ရိုက်ကူးဖို့ ရှိပေမယ့် ဆေးရုံ တက်နေ ရတာကြောင့် ရိုက်ကူးရေး ပျက်သွားပြီး နေပြန်ကောင်းလာတာ နဲ့ အနုပညာ အလုပ်တွေကို သေသေချာချာ ဆက်တိုက်ပြန်လုပ် သွားမှာ ပါလို့ ပြောပြပါတယ်။

မေမွန်မောင်
Re-Post By ACM 11-3-2013
အေးချမ်းမွန် Credit to >> Popular Journal<< Thank


နန်းဆုရတီစိုးက အစာအိမ် သွေးကြော ပေါက်သွားတဲ့ အတွက် မတ်လ ၅ ရက်နေ့၊ သန်းခေါင် ၁၂နာရီမှာ ပါရမီ အဆင့်မြင့် ဆေးရုံမှာ တက်ရောက် ဆေးကုသ ခံယူ နေ တယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်နေ့၊ မနက် ၁၁နာရီမှာ ဒေါက်တာ ရွှေပေါ် က ခွဲစိတ် ကုသပေးခဲ့တဲ့ အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိဘဲ ကောင်း မွန်နေပြီဖြစ်ပါတယ်။

“နန်းဆုက နေပြည်တော်မှာ ဆီးဂိမ်းကြော်ငြာ သွားရိုက်ဖို့ မနက် ၅ နာရီ သွားရောက် မှာကို ည ၁၁ နာရီလောက် ဗိုက်အောင့်လာတာ၊ မခံနိုင်တော့ လူးလှိမ့် အောင် ငိုနေရတာ၊ အဖေကလည်း ရောက်နေတော့ တော်ေ သးတယ်။ အနီးဆုံး ဆေးရုံ ပါရမီမှာပဲ တက်လိုက်တာ၊ ဆေးရုံအုပ်ကြီး ကအစ၊ တာဝန်ကျ ဆရာ၊ ဆရာမ တွေ အကုန်လုံး က ဂရုစိုက်ပေးကြတယ်။

သက်သာရင် ပြန်မလို့ပဲ၊ မသက် သာတာနဲ့ ဓာတ်မှန် ရိုက်ကြည့်ပြီး မနက်ရောက် မှ ခွဲဖြစ်တာ၊ အစာအိမ်က အစား အသောက် မမှန်တော့ နာနေတာ ကြာပြီ၊ နည်းနည်း လျစ်လျူရှု ထားသလို ဖြစ်သွားတာပါ။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်း အစာစားတိုင်း ဗိုက်အောင့်တယ်။ ကိုယ့်ဆီမှာ ရှိတဲ့ ဆေးမြီး တိုတွေနဲ့ ပဲ ကုသလို ဖြစ်နေတာ။ ကံကောင်းတာက ခရီး မသွားခင် ဆိုတော့ တော်သေးတယ်” လို့ပြောပါတယ်။ 
နန်းဆုရတီစိုး က မတ်လ ၉ ရက်နေ့မှာ စိုးသူ နဲ့ ကြော်ငြာ ရိုက်ကူးဖို့ ရှိပေမယ့် ဆေးရုံ တက်နေ ရတာကြောင့် ရိုက်ကူးရေး ပျက်သွားပြီး နေပြန်ကောင်းလာတာ နဲ့ အနုပညာ အလုပ်တွေကို သေသေချာချာ ဆက်တိုက်ပြန်လုပ် သွားမှာ ပါလို့ ပြောပြပါတယ်။

မေမွန်မောင်
Popular Journal

Rangonnewsdaily

No comments:

Post a Comment