Pages

Pages - Menu

Saturday, March 23, 2013

မိတ္ထီလာမြို့ အကြမ်းဖက်မှုများ နောက်ကွယ်မှ သံသယ ဖြစ်စရာများ စိစစ်တွေ့ရှိ

မိတ္ထီလာကိစ္စ သံသယ၀င်စရာများ
---------------------------------

၁။ ပြဿနာ မဖြစ်ပွားခင် တစ်ပတ်အလို : အွန်လိုင်းပေါ်မှာ မိတ္ထီလာမြို့မှာ ဘာသာခြားတွေ လွှမ်းမိုးနေပါတယ်လို့ အော်တယ်။ ဆန့်ကျင်စာတွေ ဖြန့်တယ်။ အဲဒီမြို့မှာလဲ ဖြန့်လိမ့်မယ်လို့ ထင်တယ်။

၂။ ပြဿနာ ထဖြစ်ချိန် : တစ်နယ်က လာတဲ့ လင်မယားနှစ်ယောက် (ဘယ်နယ်က လာမှန်းမသိဘူး) ဘာသာခြားဆိုင်ကိုမှ ရွှေဝင်ရောင်းတယ်။
ရွှေဆိုင်ကလူတွေ ဆိုတာကရော အဆင်မပြေတာနဲ့ ဘာလို့ ၀ိုင်းရိုက်လွှတ်ကြတာလဲ။ ရုတ်ရုတ်သည်းသည်းဖြစ်ရင် ရွှေဆိုင်ဆိုတာ အနာချည်းပဲ ဆိုတာ နားမလည်ဘူးလား။ နားလည်လျက်က ရိုက်သလား။
အရိုက်ခံရသူနဲ့ ရိုက်သူတွေက အခုမှ တွေ့ဘူးကြတာ ဟုတ်ရဲ့လား။

၃။ တကယ်အရိုက်ခံရတာက ၄၅နှစ်ဝန်းကျင် အရွယ်ကောင်း ယောက်ျား : သတင်းက ဘယ်လို တက်လာသလဲ ဆိုတော့ အဘွားကြီးနဲ့ မြေးမလေးတဲ့။ အဘွားကြီးအရိုက်ခံရလို့ သေပြီတဲ့။ အရမ်း ပြဇာတ်ဆန်လွန်းတယ်။

၎။ ရွှေရောင်းတာကလည်း ဘာဖြစ်လို့ ရောင်းမှန်းမသိဘူး : ဒါကို သတင်းတက်လာတော့ ကျောင်းဆောက်ဖို့တဲ့။

၅။ ရွှေဆိုင်ကို ၀ိုင်းဖျက်နေတဲ့ ဗီဒီယို ချက်ချင်း တက်လာတယ် : အသေအချာကို ရိုက်ထားတဲ့ပုံပဲ။ ကျွမ်းကျင်တဲ့ သတင်းဗီဒီယိုသမားတွေ မိတ္ထီလာမှာ သိပ်များနေသလား။

၆။ ဘီဘီစီက တစ်စခန်းထပြန်တယ် : ဘာသာခြား ၁၀ယောက် သေတယ်တဲ့။ ပြည်တွင်းမီဒီယာတွေတောင် မသိတာ ဒင်းတို့က ဘယ်လိုချက်ချင်း သိသလဲ။ နတ်မျက်စိ ရနေသလား။ မြို့ခံတွေတောင် အကြောက်တလန့်လန့် ပြေးလွှားနေရချိန် သေသူက ဘယ်ဘာသာဝင်လို့ ဘီဘီစီက ဒတ်ကနဲ ပြောရအောင် ယမမင်းဆီမှာ အသင့်စောင့်ပြီး သတင်းယူနေသလား။

၇။ သတင်းကို ကိုယ်လိုသလို ဆွဲရေးတဲ့ သတင်းတု သတင်းလိမ်တွေ အများကြီး တက်လာတယ်။ အွန်လိုင်းကပဲ ချက်ချင်းသိရတော့ လူတွေက အွန်လိုင်းသတင်းတွေကိုပဲ လိုက်ကြည့်နေရတယ်။ ဒီတော့ သတင်းတု အများစုက လွှမ်းမိုးနေတယ်။

၈။ ဒီလောက် ပြဿနာတွေကြားမှာ ဘုန်းကြီးတစ်ပါးကို မီးရှို့တဲ့သတင်း တက်လာပြန်တယ်။ ဒီလောက် ပြဿနာကြီးနေချိန်မှ လုပ်ရက်ကြသလား။ လုပ်တာကရော ဘယ်သူတွေလဲ? ဘာရည်ရွယ်ချက်နဲ့လဲ? နောက်ထပ် အကျိုးဆက်တွေကို မမြင်ဘူးလား?

၉။ ၈၈ က ပြဿနာဖြေရှင်းဖို့သွားတယ်။ ဒီအချိန်မှာ ပြဿနာ ဖြေရှင်းဖို့သွားတဲ့ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာဖြစ်တယ်။ ဦးခင်ညွှန့်ပဲ သွားသွား ဖြေရှင်းဖို့သွားသူတိုင်းကို ကြိုဆိုရမယ်။ ၈၈ သွားတာကလဲ တုတ်တွေ ဓားတွေ ယူပြီးသွားတာမဟုတ်ဘူး။ ပြဿနာ ပြေလည်အောင်သွားတာ။ တုတ်တပြက် ဓားတစ်ပြက် အဖြစ်တွေ ငြိမ်းရင် မကောင်းဘူးလား။ ဒါပေမဲ့ ၈၈ သွားသွားချင်းပဲ ကိုမင်းကိုနိုင်ပုံကို ဘာသားခြားလို Photoshop နဲ့ ရုပ်ဖျက်လုပ်ကြံတဲ့ပုံ တက်လာတယ်။ ပြေလည်အောင် သွားသမျှလူကို နာမည်ဖျက်ပစ်မယ်ဆိုတဲ့သဘောလား။

၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅... ဆက်ရေးစရာတွေ အများကြီးရှိပါသေးတယ်။ လူတစ်ဦးတစ်ယေက် တစ်စု တစ်ဖွဲ့ကို လက်ညှိုးမထိုးလိုဘူး။

ဒါပေမဲ့ ...
ဒီကိစ္စကို မြင်သလောက် သုံးသပ်ရရင် နိုင်ငံတော်အဆင့် လွှမ်းခြုံနိုင်တဲ့အဖွဲ့အစည်းကြီးတစ်ခုခုက စနစ်တကျ နိုင်ငံတော်အဆင့်ကြံစည်မှုတော့ မဟုတ်လောက်ဘူး။

ဒါပေမဲ့ ...
ပြည်တွင်း၊ ပြည်ပက မီးလောင်ရာ လေပင့်လိုသူ အဖွဲ့အစည်းငယ်၊ အဖွဲ့အစည်းလတ် အမျိုးမျိုး ပါဝင်နေတယ်။
မတူညီတဲ့ အဖွဲ့အစည်းအသီးသီး (အချင်းချင်းလည်း မတည့်သူတွေ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းအသီးသီး) 
ဟာ ရည်ရွယ်ချက်ချင်း တူညီသွားကြတယ်။

Thorn Nay Soe

၁။ ပြဿနာ မဖြစ်ပွားခင် တစ်ပတ်အလို : အွန်လိုင်းပေါ်မှာ မိတ္ထီလာမြို့မှာ ဘာသာခြားတွေ လွှမ်းမိုးနေပါတယ်လို့ အော်တယ်။ ဆန့်ကျင်စာတွေ ဖြန့်တယ်။ အဲဒီမြို့မှာလဲ ဖြန့်လိမ့်မယ်လို့ ထင်တယ်။ ၂။ ပြဿနာ ထဖြစ်ချိန် : တစ်နယ်က လာတဲ့ လင်မယားနှစ်ယောက် (ဘယ်နယ်က လာမှန်းမသိဘူး) ဘာသာခြားဆိုင်ကိုမှ ရွှေဝင်ရောင်းတယ်။ ရွှေဆိုင်ကလူတွေ ဆိုတာကရော အဆင်မပြေတာနဲ့ ဘာလို့ ၀ိုင်းရိုက်လွှတ်ကြတာလဲ။ ရုတ်ရုတ်သည်းသည်းဖြစ်ရင် ရွှေဆိုင်ဆိုတာ အနာချည်းပဲ ဆိုတာ နားမလည်ဘူးလား။ နားလည်လျက်က ရိုက်သလား။အရိုက်ခံရသူနဲ့ ရိုက်သူတွေက အခုမှ တွေ့ဘူးကြတာ ဟုတ်ရဲ့လား။ ၃။ တကယ်အရိုက်ခံရတာက ၄၅နှစ်ဝန်းကျင် အရွယ်ကောင်း ယောက်ျား : သတင်းက ဘယ်လို တက်လာသလဲ ဆိုတော့ အဘွားကြီးနဲ့ မြေးမလေးတဲ့။ အဘွားကြီးအရိုက်ခံရလို့ သေပြီတဲ့။ အရမ်း ပြဇာတ်ဆန်လွန်းတယ်။

၎။ ရွှေရောင်းတာကလည်း ဘာဖြစ်လို့ ရောင်းမှန်းမသိဘူး : ဒါကို သတင်းတက်လာတော့ ကျောင်းဆောက်ဖို့တဲ့။

၅။ ရွှေဆိုင်ကို ၀ိုင်းဖျက်နေတဲ့ ဗီဒီယို ချက်ချင်း တက်လာတယ် : အသေအချာကို ရိုက်ထားတဲ့ပုံပဲ။ ကျွမ်းကျင်တဲ့ သတင်းဗီဒီယိုသမားတွေ မိတ္ထီလာမှာ သိပ်များနေသလား။

၆။ ဘီဘီစီက တစ်စခန်းထပြန်တယ် : ဘာသာခြား ၁၀ယောက် သေတယ်တဲ့။ ပြည်တွင်းမီဒီယာတွေတောင် မသိတာ ဒင်းတို့က ဘယ်လိုချက်ချင်း သိသလဲ။ နတ်မျက်စိ ရနေသလား။ မြို့ခံတွေတောင် အကြောက်တလန့်လန့် ပြေးလွှားနေရချိန် သေသူက ဘယ်ဘာသာဝင်လို့ ဘီဘီစီက ဒတ်ကနဲ ပြောရအောင် ယမမင်းဆီမှာ အသင့်စောင့်ပြီး သတင်းယူနေသလား။

၇။ သတင်းကို ကိုယ်လိုသလို ဆွဲရေးတဲ့ သတင်းတု သတင်းလိမ်တွေ အများကြီး တက်လာတယ်။ အွန်လိုင်းကပဲ ချက်ချင်းသိရတော့ လူတွေက အွန်လိုင်းသတင်းတွေကိုပဲ လိုက်ကြည့်နေရတယ်။ ဒီတော့ သတင်းတု အများစုက လွှမ်းမိုးနေတယ်။

၈။ ဒီလောက် ပြဿနာတွေကြားမှာ ဘုန်းကြီးတစ်ပါးကို မီးရှို့တဲ့သတင်း တက်လာပြန်တယ်။ ဒီလောက် ပြဿနာကြီးနေချိန်မှ လုပ်ရက်ကြသလား။ လုပ်တာကရော ဘယ်သူတွေလဲ? ဘာရည်ရွယ်ချက်နဲ့လဲ? နောက်ထပ် အကျိုးဆက်တွေကို မမြင်ဘူးလား?

၉။ ၈၈ က ပြဿနာဖြေရှင်းဖို့သွားတယ်။ ဒီအချိန်မှာ ပြဿနာ ဖြေရှင်းဖို့သွားတဲ့ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာဖြစ်တယ်။ ဦးခင်ညွှန့်ပဲ သွားသွား ဖြေရှင်းဖို့သွားသူတိုင်းကို ကြိုဆိုရမယ်။ ၈၈ သွားတာကလဲ တုတ်တွေ ဓားတွေ ယူပြီးသွားတာမဟုတ်ဘူး။ ပြဿနာ ပြေလည်အောင်သွားတာ။ တုတ်တပြက် ဓားတစ်ပြက် အဖြစ်တွေ ငြိမ်းရင် မကောင်းဘူးလား။ ဒါပေမဲ့ ၈၈ သွားသွားချင်းပဲ ကိုမင်းကိုနိုင်ပုံကို ဘာသားခြားလို Photoshop နဲ့ ရုပ်ဖျက်လုပ်ကြံတဲ့ပုံ တက်လာတယ်။ ပြေလည်အောင် သွားသမျှလူကို နာမည်ဖျက်ပစ်မယ်ဆိုတဲ့သဘောလား။

၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅... ဆက်ရေးစရာတွေ အများကြီးရှိပါသေးတယ်။ လူတစ်ဦးတစ်ယေက် တစ်စု တစ်ဖွဲ့ကို လက်ညှိုးမထိုးလိုဘူး။

ဒါပေမဲ့ ... ဒီကိစ္စကို မြင်သလောက် သုံးသပ်ရရင် နိုင်ငံတော်အဆင့် လွှမ်းခြုံနိုင်တဲ့အဖွဲ့အစည်းကြီးတစ်ခုခုက စနစ်တကျ နိုင်ငံတော်အဆင့်ကြံစည်မှုတော့ မဟုတ်လောက်ဘူး။

ဒါပေမဲ့ ... ပြည်တွင်း၊ ပြည်ပက မီးလောင်ရာ လေပင့်လိုသူ အဖွဲ့အစည်းငယ်၊ အဖွဲ့အစည်းလတ် အမျိုးမျိုး ပါဝင်နေတယ်။ မတူညီတဲ့ အဖွဲ့အစည်းအသီးသီး (အချင်းချင်းလည်း မတည့်သူတွေ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းအသီးသီး) ဟာ ရည်ရွယ်ချက်ချင်း တူညီသွားကြတယ်။

Thorn Nay Soe
Rangonnewsdaily
RND:  :23.3.2013

No comments:

Post a Comment