Pages

Pages - Menu

Sunday, March 24, 2013

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက်
ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား
Sunday, March 24, 2013 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ
ဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်
မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည်ဆောက်လုပ်
ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ 
ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိစဉ် မီဒီယာများသို့ ပြောကြားသည်။

“အဓိက ကတော့ နဂို အနေအထားအမှန် ရောက်အောင် ပြန်လုပ်
မယ်၊ နဂို အနေအထားအမှန်ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်း
ချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ လုပ်ကြကိုင်ကြ။ အဲပုံစံ
အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကို
လည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်း
ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ်စား
လှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတဆရာတော် ဒေါက်တာ
အရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့သို့ယနေ့မနက်တွင်
ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာန
မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့ ခရိုင်အား
ကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများ
မှ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင်
ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီး 
အကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည်
စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင်
နေရာချထားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်
The Myanma Age

Sunday, March 24, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည်ဆောက်လုပ် ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိစဉ် မီဒီယာများသို့ ပြောကြားသည်။ “အဓိက ကတော့ နဂို အနေအထားအမှန် ရောက်အောင် ပြန်လုပ် မယ်၊ နဂို အနေအထားအမှန်ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်း ချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ လုပ်ကြကိုင်ကြ။ အဲပုံစံ အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကို လည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ်စာ လှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့သို့ယနေ့မနက်တွင် ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့ ခရိုင်အား ကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများ မှ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီး အကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည် စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်
The Myanma Age,Rangonnewsdaily
RND:  :24.3.2013

No comments:

Post a Comment