Pages

Pages - Menu

Monday, March 11, 2013

အိန္ဒိယ နိုင်ငံမှ ကမ္ဘာ့အပုဆုံး ကျောင်းဆရာ

အိန္ဒိယ နိုင်ငံမှ အာဇက်ဒ်ဆင်း အမည်ရှိ အသက် ၂၂ နှစ် အရွယ် အမျိုးသားသည် ကမ္ဘာ့ အပုဆုံး ကျောင်းဆရာ တစ်ဦး ဖြစ်လာကြောင်း သိရသည်။

ဆင်း၏ အရပ် အမြင့်သည် သုံးပေရှိပြီး ကိုယ်အလေးချိန်မှာ သုံးစတုန်အောက်သာ ရှိကြောင်းနှင့် ဆင်းအသက် ၁၈ နှစ် အရွယ်တွင် ကလေးငယ် တစ်ဦးအဖြစ် မှားယွင်းလောက်အောင် အရွယ်အားဖြင့် သေးငယ်ပြီး ပုနေကြောင်း သိရသည်။

ဆင်းသည် ဖြစ်ခေါင့် ဖြစ်ခဲလှသော မျိုးရိုးဗီဇ ချို့ယွင်းမှု ရောဂါကြောင့် အသက်ငါးနှစ် အရွယ်တွင် ကြီးထွားမှု ရပ်တန့်ခဲ့ပြီး ယခု အသက် ၂၂ နှစ် အရွယ် ရောက်ရှိချိန်တွင် ကလေး ငယ် တစ်ဦး၏ ခန္ဓာကိုယ် အချိုးအစား အတိုင်းသာ ရှိခဲ့သည်။ ဆင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ဟာရာနာမြို့ရှိ မိန်းကလေး ကျောင်းတွင် ကွန်ပျူတာ ကျောင်းဆရာ တစ်ဦး အဖြစ် လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ဆယ်ကျော်သက် အရွယ် တပည့်များ သည် ဆင်း၏ အရပ်ကို ကျော်လွန်နေကြောင်း သိရသည်။

ဆင်းသည် ၎င်း၏ တပည့်များကို စာသင်ကြားရာ၌ Whiteboard ကိုမီရန် အတွက် စားပွဲပေါ်တွင် မတ်တတ်ရပ်၍ သင်ကြားရကြောင်း သိရသည်။ ဆင်းသည် အရပ်အမြင့် သုံးပေရှိပြီး ကိုယ်အလေးချိန် နှစ်စတုန်နှင့် ၁၃ ပေါင် ရှိခြင်းကြောင့် ၎င်း၏ တပည့်များက ဆင်းအား ချစ်စနိုးဖြင့် "Chotu" ဟု ခေါ်ဆို ကြသည်။ "Chotu" ၏ အဓိပ္ပာယ်မှာ ''ဆရာလေး'' ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

မိမိသည် တစ်လလျှင် ရူပီး ၁ဝဝဝဝ (စတာလင်ပေါင် ၁၂ဝ) ရရှိကြောင်းနှင့် ခုနစ်နှစ် အရွယ် ကလေးများ ဝတ်ဆင်ရသော အင်္ကျီမျိုးကိုသာ ဝတ်ဆင်ရကြောင်း ဆင်းက ပြောကြား ခဲ့သည်။

အသက် ၁၈ နှစ် အရွယ်က မိမိအား ကလေးငယ် တစ်ဦးအဖြစ် မှားယွင်း ခဲ့ခြင်းကြောင့် စိတ် ကသိကအောက် ဖြစ်ခဲ့ရကြောင်းနှင့် ခန္ဓာကိုယ် အရွယ်အစား သေးငယ်သည့် အတွက် ကျောင်းတွင် အနိုင်ကျင့် ခံခဲ့ရသောကြောင့် ခြိမ်းခြောက်မှု များကို ကြောက်ရွံ့ ခဲ့သည့်

အပြင် အိမ်အပြင် ထွက်လျှင် ဆပ်ကပ်အဖွဲ့က ခေါ်ဆောင်သွားမည်ကို စိုးရိမ် ကြောင့်ကြခဲ့ရကြောင်း ဆင်းက ပြောကြားခဲ့သည်။

ကလေး ဘဝက မခံချိမခံသာ ပြောဆို ခံရမှုသည် မိမိ၏ စိတ်ဓာတ်ကို မခံချင်အောင် ပြုလုပ် ပေးခဲ့သည့် အတွက် ယခုအခါ ကျောင်းဆရာ တစ်ဦး ဘဝသို့ ရောက်အောင် လုပ်ဆောင် နိုင်ခဲ့ကြောင်း ဆင်းက ပြောကြား ခဲ့သည်။

ဆင်း၏ ညီမဖြစ်သူ အသက် ၁၉ နှစ် အရွယ်ရှိ လက်ဇ်မီသည် ဆင်းကဲ့သို့ မျိုးရိုးဗီဇ ရောဂါကို ခံစား နေရကြောင်းနှင့် မိဘများသည် ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးရန် အတွက် လိုအပ်သော ဟော်မုန်းများ ထိုးသွင်း ခြင်းကို မတတ်နိုင်ကြောင်း သိရသည်။ 

http://bit.ly/ZxyNVk

RND:  :11.3.2013
အိန္ဒိယ နိုင်ငံမှ အာဇက်ဒ်ဆင်း အမည်ရှိ အသက် ၂၂ နှစ် အရွယ် အမျိုးသားသည် ကမ္ဘာ့ အပုဆုံး ကျောင်းဆရာ တစ်ဦး ဖြစ်လာကြောင်း သိရသည်။ ဆင်း၏ အရပ် အမြင့်သည် သုံးပေရှိပြီး ကိုယ်အလေးချိန်မှာ သုံးစတုန်အောက်သာ ရှိကြောင်းနှင့် ဆင်းအသက် ၁၈ နှစ် အရွယ်တွင် ကလေးငယ် တစ်ဦးအဖြစ် မှားယွင်းလောက်အောင် အရွယ်အားဖြင့် သေးငယ်ပြီး ပုနေကြောင်း သိရသည်။

ဆင်းသည် ဖြစ်ခေါင့် ဖြစ်ခဲလှသော မျိုးရိုးဗီဇ ချို့ယွင်းမှု ရောဂါကြောင့် အသက်ငါးနှစ် အရွယ်တွင် ကြီးထွားမှု ရပ်တန့်ခဲ့ပြီး ယခု အသက် ၂၂ နှစ် အရွယ် ရောက်ရှိချိန်တွင် ကလေး ငယ် တစ်ဦး၏ ခန္ဓာကိုယ် အချိုးအစား အတိုင်းသာ ရှိခဲ့သည်။ ဆင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ဟာရာနာမြို့ရှိ မိန်းကလေး ကျောင်းတွင် ကွန်ပျူတာ ကျောင်းဆရာ တစ်ဦး အဖြစ် လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ဆယ်ကျော်သက် အရွယ် တပည့်များ သည် ဆင်း၏ အရပ်ကို ကျော်လွန်နေကြောင်း သိရသည်။

ဆင်းသည် ၎င်း၏ တပည့်များကို စာသင်ကြားရာ၌ Whiteboard ကိုမီရန် အတွက် စားပွဲပေါ်တွင် မတ်တတ်ရပ်၍ သင်ကြားရကြောင်း သိရသည်။ ဆင်းသည် အရပ်အမြင့် သုံးပေရှိပြီး ကိုယ်အလေးချိန် နှစ်စတုန်နှင့် ၁၃ ပေါင် ရှိခြင်းကြောင့် ၎င်း၏ တပည့်များက ဆင်းအား ချစ်စနိုးဖြင့် "Chotu" ဟု ခေါ်ဆို ကြသည်။ "Chotu" ၏ အဓိပ္ပာယ်မှာ ''ဆရာလေး'' ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

မိမိသည် တစ်လလျှင် ရူပီး ၁ဝဝဝဝ (စတာလင်ပေါင် ၁၂ဝ) ရရှိကြောင်းနှင့် ခုနစ်နှစ် အရွယ် ကလေးများ ဝတ်ဆင်ရသော အင်္ကျီမျိုးကိုသာ ဝတ်ဆင်ရကြောင်း ဆင်းက ပြောကြား ခဲ့သည်။

အသက် ၁၈ နှစ် အရွယ်က မိမိအား ကလေးငယ် တစ်ဦးအဖြစ် မှားယွင်း ခဲ့ခြင်းကြောင့် စိတ် ကသိကအောက် ဖြစ်ခဲ့ရကြောင်းနှင့် ခန္ဓာကိုယ် အရွယ်အစား သေးငယ်သည့် အတွက် ကျောင်းတွင် အနိုင်ကျင့် ခံခဲ့ရသောကြောင့် ခြိမ်းခြောက်မှု များကို ကြောက်ရွံ့ ခဲ့သည့်

အပြင် အိမ်အပြင် ထွက်လျှင် ဆပ်ကပ်အဖွဲ့က ခေါ်ဆောင်သွားမည်ကို စိုးရိမ် ကြောင့်ကြခဲ့ရကြောင်း ဆင်းက ပြောကြားခဲ့သည်။

ကလေး ဘဝက မခံချိမခံသာ ပြောဆို ခံရမှုသည် မိမိ၏ စိတ်ဓာတ်ကို မခံချင်အောင် ပြုလုပ် ပေးခဲ့သည့် အတွက် ယခုအခါ ကျောင်းဆရာ တစ်ဦး ဘဝသို့ ရောက်အောင် လုပ်ဆောင် နိုင်ခဲ့ကြောင်း ဆင်းက ပြောကြား ခဲ့သည်။

ဆင်း၏ ညီမဖြစ်သူ အသက် ၁၉ နှစ် အရွယ်ရှိ လက်ဇ်မီသည် ဆင်းကဲ့သို့ မျိုးရိုးဗီဇ ရောဂါကို ခံစား နေရကြောင်းနှင့် မိဘများသည် ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးရန် အတွက် လိုအပ်သော ဟော်မုန်းများ ထိုးသွင်း ခြင်းကို မတတ်နိုင်ကြောင်း သိရသည်။ 
 
မြ၀တီသတင်း
Rangonnewsdaily

No comments:

Post a Comment