Saturday,, March 23, 2013
QPR အသင်းမှ ကွင်းလယ် ကစားသမား ပက်ဂျီဆန်သည် ၂၀၁၄ မှာ ကစားသမား ဘ၀မှ အနားယူဖွယ် ရှိ
ပက်ဂျီဆန်၏ ဖခင် ဖြစ်သူ ဆန်ဂျွန်းက ပက်ဂျီဆန်သည် QPR အသင်းတွင် ရုန်းကန်
နေရပြီး ခြေစွမ်း မပြ နိုင်တာကြောင့် ၂၀၁၃-၁၄ ရာသီ အပြီးမှာ ကစားသမား ဘ၀မှ
အနားယူရန် စဉ်း စား နေပြီ ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
ပက်ဂျီဆန်သည် ယခုနှစ် ရာသီမှာ မန်ယူမှ ထွက်ခွာ ပြီးနောက် QPR အသင်းမှာ
ခြေစွမ်း မပြနိုင်ပဲ ဖြစ်နေသည်။ သူ၏ ဖခင်က ဒီမှ သူ့အတွက် ခက် ခဲ နေပြီး
ယခင် PSV အသင်းနှင့် မန်ယူ အသင်းတို့မှ ခြေစွမ်းမျိုး မရရှိ တော့ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောကြား ခဲ့သည်။
အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ပက်ဂျီဆန်သည် တောင်ကိုရီးယား အသင်းမှာ
ပါဝင်ခွင့် ရပြီး တစ်လ အကြာမှာပဲ သူ၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ကို
ဂျပန်မှ ကျိုတိုဆန်ဂါ ကလပ် အသင်းနှင့် စတင် ခဲ့တာဖြစ်သည်။
ပက်ဂျီဆန်သည် သူ၏ ကစားသမား ဘ၀ သက်တမ်းတွင် ကျိုတို ဆန်ဂါ ကလပ် အသင်းနှင့်
အတူ ၂၀၀၂ အင်ပါယာဖလား ၊ PSV အသင်းနှင့် အတူ နယ်သာလန် လိဂ်ဖလား ၂ ကြိမ် ၊
မန်ယူ အသင်းနှင့် အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၁
ကြိမ် ရယူနိုင်ခဲ့သည်။
သူသည် လူကြိုက် အများဆုံး အာရှမှ ကစားသမား
တစ်ဦး ဖြစ်ပြီး မိခင် နိုင်ငံမှ K လိဂ် ပြိုင်ပွဲတွင် ၀င်ရောက်
ယှဉ်ပြိုင်မှာ မဟုတ် ကြောင်း သိရသည်။
မြ၀တီ,Rangonnewsdaily
RND: :23.3.2013

No comments:
Post a Comment